တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:3-19 Myanmar Standard Bible (MSB)

3. မု​ဆိုး​မ​တို့​တွင် အ​မှန်​တ​ကယ်​မု​ဆိုး​မ​ဖြစ်​သူ​တို့​ကို ရို​သေ​ကြ​လော့။

4. တစ်​စုံ​တစ်​ယောက်​သော​မု​ဆိုး​မ​တွင် သား​သ​မီး သို့​မ​ဟုတ် မြေး​များ​ရှိ​လျှင် ထို​သား​မြေး​တို့​သည် ဘာ​သာ​ရေး​ဝတ္တ​ရား​တည်း​ဟူ​သော မိ​မိ​တို့​အိမ်​သူ​အိမ်​သား​ကို​ပြု​စု​ခြင်း​နှင့် မိ​ဘ​ဘိုး​ဘွား​တို့​အား ကျေး​ဇူး​ပြန်​ဆပ်​ခြင်း​တို့​ကို ဦး​စွာ​သင်​ယူ​ကြ​စေ။ အ​ကြောင်း​မူ​ကား ဤ​သို့​ပြု​ခြင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ နှစ်​သက်​လက်​ခံ​ဖွယ်​ဖြစ်​၏။

5. အ​မှန်​တ​ကယ်​မု​ဆိုး​မ​ဖြစ်​ပြီး တစ်​ဦး​တည်း​ကျန်​ရစ်​သော​အ​မျိုး​သ​မီး​သည် ဘု​ရား​သ​ခင်​ကို​မျှော်​လင့်​အား​ထား​လျက် နေ့​ရော​ည​ပါ အ​သ​နား​ခံ​ခြင်း​နှင့်​ဆု​တောင်း​ခြင်း​တို့​ကို စွဲ​မြဲ​စွာ​ပြု​တတ်​၏။

6. အ​ပျော်​အ​ပါး​လိုက်​စား​သော​မု​ဆိုး​မ​မူ​ကား အ​သက်​ရှင်​လျက်​ပင် သေ​ဆုံး​လေ​ပြီ။

7. ထို့​ကြောင့် မည်​သူ​၌​မျှ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​စေ​ရန် လူ​တို့​အား ဤ​အ​ရာ​များ​ကို​ညွှန်​ကြား​လော့။

8. မည်​သူ​မ​ဆို မိ​မိ​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ဂ​ရု​မ​စိုက်​ဘဲ​နေ​လျှင် ထို​သူ​သည် ယုံ​ကြည်​ခြင်း​ကို​ငြင်း​ပယ်​ပြီ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက် ဆိုး​ရွား​၏။

9. မု​ဆိုး​မ​အ​ဖြစ်​စာ​ရင်း​သွင်း​ရ​မည့်​သူ​သည် အ​သက်​ခြောက်​ဆယ်​ထက်​မ​နည်း​ရ။ သူ​သည် ယောက်ျား​တစ်​ဦး​တည်း​ရှိ​ခဲ့​သည့် အ​မျိုး​သ​မီး​ဖြစ်​ပြီး

10. သား​သ​မီး​များ​ကို​ပြု​စု​စောင့်​ရှောက်​ခြင်း၊ ဧည့်​ဝတ်​ကျေ​ပွန်​ခြင်း၊ သန့်​ရှင်း​သူ​တို့​၏​ခြေ​ကို​ဆေး​ခြင်း၊ ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​သူ​များ​ကို​ကူ​ညီ​စောင့်​ရှောက်​ခြင်း၊ ကောင်း​သော​အ​မှု​ရှိ​သ​မျှ​တို့​ကို​ပါ​ဝင်​လုပ်​ဆောင်​ခြင်း စ​သည့်​ကောင်း​သော​အ​မှု​များ​ကြောင့် ချီး​ကျူး​ခံ​ရ​သူ​ဖြစ်​ရ​မည်။

11. ငယ်​ရွယ်​သော​မု​ဆိုး​မ​တို့​ကို​မူ စာ​ရင်း​မ​သွင်း​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် ခ​ရစ်​တော်​ကို ဥ​ပေက္ခာ​ပြု​လျက် ကာ​မ​ဂုဏ်​လိုက်​စား​လို​သော​အ​ခါ အိမ်​ထောင်​ပြု​လို​သော​ဆန္ဒ​ရှိ​လာ​သ​ဖြင့်

12. ပ​ထ​မ​ပြု​ထား​သော​က​တိ​သစ္စာ​ကို ချိုး​ဖောက်​သော​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13. ထို့​ပြင် သူ​တို့​သည် တစ်​အိမ်​ပြီး​တစ်​အိမ်​လှည့်​လည်​၍ ပျင်း​ရိ​သော​အ​ကျင့်​ရှိ​လာ​တတ်​ကြ​၏။ ထို​သို့​ပျင်း​ရိ​သည်​သာ​မ​က အ​တင်း​အ​ဖျင်း​ပြော​ဆို​လျက် သူ​တစ်​ပါး​ကိစ္စ​၌ ဝင်​ရောက်​စွက်​ဖက်​ကာ မ​ပြော​သင့်​သည့်​အ​ရာ​တို့​ကို ပြော​ဆို​တတ်​ကြ​၏။

14. ထို့​ကြောင့် ငယ်​ရွယ်​သော​မု​ဆိုး​မ​တို့​သည် အိမ်​ထောင်​ပြု​လျက် သား​သ​မီး​များ​မွေး​ဖွား​ကာ အိမ်​မှု​ကိစ္စ​ကို​စီ​မံ​ကွပ်​ကဲ​၍ ရန်​သူ​အား ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​အ​ခွင့်​ကို​မ​ပေး​ရန် ငါ​အ​လို​ရှိ​၏။

15. အ​ကြောင်း​မူ​ကား အ​ချို့​သော​မု​ဆိုး​မ​တို့​သည် လမ်း​လွဲ​၍ စာ​တန်​နောက်​သို့​လိုက်​သွား​ကြ​ပြီ။

16. ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ဦး​၌ ဆွေ​မျိုး​တော်​စပ်​သည့်​မု​ဆိုး​မ​များ​ရှိ​လျှင် အ​သင်း​တော်​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ဘဲ ထို​မု​ဆိုး​မ​တို့​ကို သူ​ကိုယ်​တိုင်​ကူ​ညီ​စောင့်​ရှောက်​ပါ​စေ။ သို့​ပြု​လျှင် အ​သင်း​တော်​သည် အ​မှန်​တ​ကယ်​အ​ကူ​အ​ညီ​လို​အပ်​သည့်​မု​ဆိုး​မ​များ​ကို ကူ​ညီ​စောင့်​ရှောက်​နိုင်​လိမ့်​မည်။

17. ကောင်း​စွာ​စီ​မံ​အုပ်​ချုပ်​နေ​သော​အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ အ​ထူး​သ​ဖြင့် နှုတ်​က​ပတ်​တော်​ဝေ​ငှ​ခြင်း​နှင့် သွန်​သင်​ခြင်း​တို့​အ​တွက် အား​ထုတ်​လုပ်​ဆောင်​နေ​သော​အ​ကြီး​အ​ကဲ​များ​သည် နှစ်​ဆ​သော​ဂုဏ်​ပြု​ခြင်း​ကို ခံ​ထိုက်​သည်​ဟု မှတ်​ယူ​လော့။

18. အ​ကြောင်း​မူ​ကား ကျမ်း​စာ​က “စ​ပါး​နယ်​နေ​သည့်​နွား​ကို ပါး​ချုပ်​မ​တပ်​ရ”​ဟူ​၍​လည်း​ကောင်း၊ “အ​လုပ်​လုပ်​သော​သူ​သည် လုပ်​အား​ခ​ကို ရ​ထိုက်​၏”​ဟူ​၍​လည်း​ကောင်း ဆို​ထား​၏။

19. သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​မ​ရှိ​လျှင် အ​သင်း​တော်​အ​ကြီး​အ​ကဲ​အ​ပေါ်​စွပ်​စွဲ​ချက်​ကို လက်​မ​ခံ​နှင့်။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5