တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5:15-25 Myanmar Standard Bible (MSB)

15. အ​ကြောင်း​မူ​ကား အ​ချို့​သော​မု​ဆိုး​မ​တို့​သည် လမ်း​လွဲ​၍ စာ​တန်​နောက်​သို့​လိုက်​သွား​ကြ​ပြီ။

16. ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​စုံ​တစ်​ဦး​၌ ဆွေ​မျိုး​တော်​စပ်​သည့်​မု​ဆိုး​မ​များ​ရှိ​လျှင် အ​သင်း​တော်​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​စေ​ဘဲ ထို​မု​ဆိုး​မ​တို့​ကို သူ​ကိုယ်​တိုင်​ကူ​ညီ​စောင့်​ရှောက်​ပါ​စေ။ သို့​ပြု​လျှင် အ​သင်း​တော်​သည် အ​မှန်​တ​ကယ်​အ​ကူ​အ​ညီ​လို​အပ်​သည့်​မု​ဆိုး​မ​များ​ကို ကူ​ညီ​စောင့်​ရှောက်​နိုင်​လိမ့်​မည်။

17. ကောင်း​စွာ​စီ​မံ​အုပ်​ချုပ်​နေ​သော​အ​သင်း​တော်​အ​ကြီး​အ​ကဲ​များ အ​ထူး​သ​ဖြင့် နှုတ်​က​ပတ်​တော်​ဝေ​ငှ​ခြင်း​နှင့် သွန်​သင်​ခြင်း​တို့​အ​တွက် အား​ထုတ်​လုပ်​ဆောင်​နေ​သော​အ​ကြီး​အ​ကဲ​များ​သည် နှစ်​ဆ​သော​ဂုဏ်​ပြု​ခြင်း​ကို ခံ​ထိုက်​သည်​ဟု မှတ်​ယူ​လော့။

18. အ​ကြောင်း​မူ​ကား ကျမ်း​စာ​က “စ​ပါး​နယ်​နေ​သည့်​နွား​ကို ပါး​ချုပ်​မ​တပ်​ရ”​ဟူ​၍​လည်း​ကောင်း၊ “အ​လုပ်​လုပ်​သော​သူ​သည် လုပ်​အား​ခ​ကို ရ​ထိုက်​၏”​ဟူ​၍​လည်း​ကောင်း ဆို​ထား​၏။

19. သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​မ​ရှိ​လျှင် အ​သင်း​တော်​အ​ကြီး​အ​ကဲ​အ​ပေါ်​စွပ်​စွဲ​ချက်​ကို လက်​မ​ခံ​နှင့်။

20. ကျန်​သော​သူ​တို့​သည်​လည်း ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​စေ​ရန် အ​ပြစ်​ပြု​သော​သူ​တို့​ကို အား​လုံး​ရှေ့​၌ ဆို​ဆုံး​မ​လော့။

21. သင်​သည် ဤ​အ​ရာ​တို့​ကို ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ စောင့်​ရှောက်​၍ မည်​သည့်​အ​ရာ​ကို​မျှ ဘက်​လိုက်​ခြင်း​မ​ရှိ​ဘဲ​ပြု​မူ​ရန် ဘု​ရား​သ​ခင်​နှင့် ခ​ရစ်​တော်​ယေ​ရှု​မှ​စ​၍ ရွေး​ကောက်​ခံ​ရ​သော​ကောင်း​ကင်​တ​မန်​တို့​ရှေ့​၌ ငါ​အ​လေး​အ​နက်​တိုက်​တွန်း​၏။

22. မည်​သူ့​အ​ပေါ်​၌​မျှ လက်​တင်​ခြင်း​အ​မှု​ကို အ​လျင်​စ​လို​မ​ပြု​နှင့်။ အ​ခြား​သူ​တို့​၏​အ​ပြစ်​၌​လည်း ပါ​ဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်​ကိုယ်​သင် ဖြူ​စင်​သန့်​ရှင်း​အောင်​စောင့်​ထိန်း​လော့။

23. သင်​၏​အ​စာ​အိမ်​နှင့် သင်​၌​မ​ကြာ​ခ​ဏ​ဖြစ်​သော နာ​မ​ကျန်း​ဖြစ်​ခြင်း​တို့​အ​တွက် ရေ​ကို​သာ​မ​သောက်​တော့​ဘဲ အ​နည်း​ငယ်​သော​စ​ပျစ်​ဝိုင်​ကို​လည်း သုံး​ဆောင်​လော့။

24. လူ​အ​ချို့​တို့​၏​အ​ပြစ်​များ​သည် တ​ရား​စီ​ရင်​ခြင်း​သို့​မ​ရောက်​မီ​က​ပင် သိ​သာ​ထင်​ရှား​၏။ အ​ချို့​တို့​၏​အ​ပြစ်​များ​မူ​ကား နောက်​မှ​ထင်​ရှား​တတ်​၏။

25. ထို​နည်း​တူ ကောင်း​သော​အ​မှု​များ​သည်​လည်း သိ​သာ​ထင်​ရှား​တတ်​၏။ ထို​သို့​မ​ထင်​ရှား​ခဲ့​လျှင်​ပင် ဖုံး​ကွယ်​ထား​၍​မ​ရ​နိုင်​ပေ။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 5