1. အသက်ကြီးသောယောက်ျားတို့ကို ပြစ်တင်မောင်းမဲခြင်းမပြုဘဲ ဖခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောယောက်ျားတို့ကို ညီအစ်ကိုကဲ့သို့လည်းကောင်း၊
2. အသက်ကြီးသောအမျိုးသမီးတို့ကို မိခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သောအမျိုးသမီးတို့ကို ဖြူစင်သန့်ရှင်းသောစိတ်အပြည့်အဝဖြင့် နှမကဲ့သို့လည်းကောင်း မှတ်၍ တိုက်တွန်းနှိုးဆော်လော့။
3. မုဆိုးမတို့တွင် အမှန်တကယ်မုဆိုးမဖြစ်သူတို့ကို ရိုသေကြလော့။