4. အမှန်စင်စစ် ဘုရားသခင်ဖန်ဆင်းတော်မူသောအရာရှိသမျှသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်ခံယူလျှင် ပစ်ပယ်ရမည့်အရာတစ်စုံတစ်ခုမျှမရှိ။
5. အကြောင်းမူကား ထိုအရာတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်း သန့်ရှင်းစေခြင်းကိုခံရကြ၏။
6. ဤအကြောင်းအရာများကို ညီအစ်ကိုတို့အားညွှန်ပြလျှင် သင်သည် ယုံကြည်ခြင်းနှင့်ဆိုင်သောတရားစကားနှင့် သင်လိုက်လျှောက်သည့် ကောင်းသောသွန်သင်ချက်၏တရားစကားတို့ဖြင့် ပြုစုပျိုးထောင်ခြင်းကိုခံရလျက် ခရစ်တော်ယေရှု၏ကောင်းသောအစေခံဖြစ်လိမ့်မည်။
7. သို့သော် ဘုရားတရားနှင့်မဆိုင်သည့် အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများကိုရှောင်ရှား၍ ဘုရားဝတ်၌မွေ့လျော်ခြင်းအတွက် သင့်ကိုယ်သင်လေ့ကျင့်ပေးလော့။