တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4:1-10 Myanmar Standard Bible (MSB)

1. သို့​သော် နောင်​လာ​မည့်​အ​ချိန်​ကာ​လ​များ​၌ လူ​အ​ချို့​တို့​သည် လှည့်​ဖြား​သော​ဝိ​ညာဉ်​များ​နှင့် နတ်​ဆိုး​တို့​၏​သွန်​သင်​ချက်​များ​ကို အာ​ရုံ​စိုက်​လျက် ယုံ​ကြည်​ခြင်း​ကို​စွန့်​ခွာ​ကြ​လိမ့်​မည်​ဟု ဝိ​ညာဉ်​တော်​သည် အ​တိ​အ​လင်း​မိန့်​တော်​မူ​၏။

2. ထို​သွန်​သင်​ချက်​များ​သည် မိ​မိ​တို့​အ​သိ​စိတ်​ကို သံ​ပူ​တံ​ဆိပ်​ခတ်​ထား​ခြင်း​ခံ​ရ​သည့် လိမ်​လည်​သော​သူ​တို့​၏​သူ​တော်​ကောင်း​ယောင်​ဆောင်​မှု​အား​ဖြင့်​ဖြစ်​၏။

3. သူ​တို့​သည် အိမ်​ထောင်​ပြု​ခြင်း​ကို​တား​မြစ်​ကြ​၍ ယုံ​ကြည်​သူ​နှင့်​သမ္မာ​တ​ရား​ကို​သိ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​လျက်​သုံး​ဆောင်​ရန်​အ​တွက် ဘု​ရား​သ​ခင်​ဖန်​ဆင်း​ထား​သော​အ​စား​အ​စာ​များ​ကို ရှောင်​ကြဉ်​စေ​ကြ​လိမ့်​မည်။

4. အ​မှန်​စင်​စစ် ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​ရှိ​သ​မျှ​သည် ကောင်း​သည်​ဖြစ်​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ဖြင့်​ခံ​ယူ​လျှင် ပစ်​ပယ်​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

5. အ​ကြောင်း​မူ​ကား ထို​အ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း သန့်​ရှင်း​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။

6. ဤ​အ​ကြောင်း​အ​ရာ​များ​ကို ညီ​အစ်​ကို​တို့​အား​ညွှန်​ပြ​လျှင် သင်​သည် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​တ​ရား​စ​ကား​နှင့် သင်​လိုက်​လျှောက်​သည့် ကောင်း​သော​သွန်​သင်​ချက်​၏​တ​ရား​စ​ကား​တို့​ဖြင့် ပြု​စု​ပျိုး​ထောင်​ခြင်း​ကို​ခံ​ရ​လျက် ခ​ရစ်​တော်​ယေ​ရှု​၏​ကောင်း​သော​အ​စေ​ခံ​ဖြစ်​လိမ့်​မည်။

7. သို့​သော် ဘု​ရား​တ​ရား​နှင့်​မ​ဆိုင်​သည့် အ​နှစ်​သာ​ရ​ကင်း​မဲ့​သော ဒဏ္ဍာ​ရီ​များ​ကို​ရှောင်​ရှား​၍ ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​အ​တွက် သင့်​ကိုယ်​သင်​လေ့​ကျင့်​ပေး​လော့။

8. အ​ကြောင်း​မူ​ကား ကိုယ်​ခန္ဓာ​နှင့်​ဆိုင်​သော​လေ့​ကျင့်​မှု​သည် အ​နည်း​အ​ကျဉ်း​အ​ကျိုး​ရှိ​သော်​လည်း ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​မူ​ကား ယ​ခု​ဘ​ဝ၊ နောင်​ဘ​ဝ​နှင့်​ဆိုင်​သော က​တိ​တော်​ပါ​ရှိ​သည်​ဖြစ်​၍ အ​လုံး​စုံ​တို့​အ​တွက် အ​ကျိုး​ရှိ​၏။

9. ဤ​စ​ကား​သည် သစ္စာ​စ​ကား​ဖြစ်​ပြီး အ​ပြည့်​အ​ဝ​လက်​ခံ​ထိုက်​သော​စ​ကား​ဖြစ်​၏။

10. ထို့​ကြောင့် ငါ​တို့​သည် ထို​အ​ကျိုး​အ​တွက် အား​ထုတ်​လုပ်​ဆောင်​၍ ကြိုး​စား​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့် ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင်​ဖြစ်​သော အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား​သ​ခင်​ကို ငါ​တို့​မျှော်​လင့်​အား​ထား​ကြ​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 4