တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3:14-16 Myanmar Standard Bible (MSB)

14. ဤ​အ​ရာ​များ​ကို သင့်​အား ငါ​ရေး​လိုက်​ခြင်း​မှာ သင့်​ထံ​သို့​အ​လျင်​အ​မြန်​လာ​နိုင်​မည်​ဟု မျှော်​လင့်​သော်​လည်း

15. ငါ​နှောင့်​နှေး​ခဲ့​လျှင်​ပင် သမ္မာ​တ​ရား​၏​မဏ္ဍိုင်​နှင့်​အုတ်​မြစ်​ဖြစ်​သည့် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင် မည်​ကဲ့​သို့​အ​သက်​ရှင်​နေ​ထိုင်​ရ​မည်​ကို သင်​သိ​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

16. ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​သည် အ​မှန်​ပင်​ကြီး​မြတ်​လှ​ပေ​၏။ ကိုယ်​တော်​သည် သွေး​သား​အား​ဖြင့်​ထင်​ရှား​ပြီး ဝိ​ညာဉ်​တော်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​လျက် ကောင်း​ကင်​တ​မန်​တို့​၏​ရှု​မြင်​ခြင်း၊ သ​တင်း​တော်​ကို​လူ​မျိုး​ခြား​တို့​ကြား​၌ ဟော​ပြော​ခြင်း၊ ဤ​လော​က​တွင် လက်​ခံ​ယုံ​ကြည်​ခြင်း​တို့​ကို​ခံ​ရ​လျက် ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို​ခံ​တော်​မူ​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 3