တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1:18-20 Myanmar Standard Bible (MSB)

18. ငါ့​သား​တိ​မော​သေ၊ သင်​နှင့်​ပတ်​သက်​၍ ယ​ခင်​ပ​ရော​ဖက်​ပြု​ဟော​ပြော​ထား​သည့်​အ​ရာ​များ​နှင့်​အ​ညီ ဤ​ညွှန်​ကြား​ချက်​ကို သင့်​အား ငါ​ပေး​၏။ ဤ​သည်​ကား သင်​သည် ယုံ​ကြည်​ခြင်း​နှင့်​ကြည်​လင်​သော​အ​သိ​စိတ်​တို့​ကို​စွဲ​ကိုင်​လျက် ထို​ပ​ရော​ဖက်​ပြု​ဟော​ပြော​ထား​သည့်​အ​ရာ​များ​အား​ဖြင့် ကောင်း​သော​တိုက်​ပွဲ​ကို တိုက်​ခိုက်​နိုင်​မည့်​အ​ကြောင်း​တည်း။

19. အ​ချို့​သော​သူ​တို့​သည် ထို​အ​သိ​စိတ်​ကို ပစ်​ပယ်​ကြ​သည့်​အ​တွက် ယုံ​ကြည်​ခြင်း​အ​ရာ​၌ သင်္ဘော​ပျက်​စီး​ဆုံး​ရှုံး​မှု​ကို​ခံ​ရ​ကြ​ပြီ။

20. ထို​သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​အ​လက်​ဇန္ဒြား​တို့​ပါ​ဝင်​ကြ​၏။ သူ​တို့​သည် ဘု​ရား​သ​ခင်​ကို စော်​ကား​ပြော​ဆို​ခြင်း​မ​ပြု​မည့်​အ​ကြောင်း ဆုံး​မ​ခြင်း​ကို​ခံ​ရ​ကြ​ရန် သူ​တို့​ကို စာ​တန်​လက်​သို့ ငါ​အပ်​လိုက်​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 1