17. သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့၏ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။
18. သခင်ဘုရားသည် မကောင်းသောအမှုအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၍ အထက်ကောင်းကင်အရပ်၌ရှိသော မိမိ၏နိုင်ငံတော်ထဲသို့ လုံခြုံစွာပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
19. ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဖော်၏အိမ်သူအိမ်သားကို နှုတ်ဆက်ပေးလော့။
20. ဧရတ္တုသည် ကောရိန္သုမြို့၌ နေရစ်ခဲ့၏။ တရောဖိမ်ကိုမူကား နာမကျန်းဖြစ်နေသဖြင့် မိလက်မြို့တွင် ငါထားခဲ့၏။
21. ဆောင်းကာလမတိုင်မီလာနိုင်ရန် ကြိုးစားလော့။ ဥဗုလု၊ ပုဒေ၊ လိနုနှင့် ကလောဒိတို့မှစ၍ ညီအစ်ကိုအပေါင်းတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။
22. သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။