တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:12-17 Myanmar Standard Bible (MSB)

12. အ​မှန်​စင်​စစ် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​စွာ​အ​သက်​ရှင်​ရန် အ​လို​ရှိ​သော​သူ​အား​လုံး​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

13. ဆိုး​ညစ်​သော​သူ​များ​နှင့် လိမ်​လည်​လှည့်​ဖြား​သော​သူ​တို့​သည် သူ​တစ်​ပါး​ကို​လှည့်​ဖြား​လျက် လှည့်​ဖြား​ခြင်း​ကို​လည်း​ခံ​ရ​လျက် ပို​၍​ဆိုး​ရွား​သော​အ​ဖြစ်​သို့ ကျ​ဆင်း​သွား​ကြ​လိမ့်​မည်။

14. သင်​မူ​ကား မိ​မိ​သင်​ယူ​၍ အ​ခိုင်​အ​မာ​ယုံ​ကြည်​သည့်​အ​ရာ​များ​၌ တည်​နေ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​သည် ထို​အ​ရာ​တို့​ကို မည်​သူ​တို့​ထံ​မှ သင်​ယူ​ခဲ့​သည်​ကို​လည်း​ကောင်း၊

15. ခ​ရစ်​တော်​ယေ​ရှု​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​စေ​သည့်​ဉာဏ်​ပ​ညာ​ကို သင့်​အား​ပေး​နိုင်​သော​သမ္မာ​ကျမ်း​စာ​နှင့် သင်​သည်​ငယ်​ရွယ်​စဉ်​က​ပင် ရင်း​နှီး​ကျွမ်း​ဝင်​ခဲ့​သည်​ကို​လည်း​ကောင်း သင်​သိ​၏။

16. ကျမ်း​စာ​ထဲ​၌​ရေး​ထား​သ​မျှ​တို့​သည် ဘု​ရား​သ​ခင်​မှုတ်​သွင်း​တော်​မူ​သော​အား​ဖြင့်​ဖြစ်​၍ ဩ​ဝါ​ဒ​ပေး​ခြင်း​အ​တွက်​လည်း​ကောင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း​အ​တွက်​လည်း​ကောင်း၊ အ​မှား​ကို​ပြု​ပြင်​ခြင်း​အ​တွက်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​၌ ဆုံး​မ​ပဲ့​ပြင်​ခြင်း​အ​တွက်​လည်း​ကောင်း အ​ကျိုး​ကျေး​ဇူး​ရှိ​၏။

17. ဤ​သည်​ကား ဘု​ရား​သ​ခင်​၏​လူ​သည် ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​အ​တွက် အ​သင့်​ပြင်​ဆင်​ခြင်း​ခံ​ရ​လျက် ပြည့်​ဝ​စုံ​လင်​သော​သူ​ဖြစ်​မည့်​အ​ကြောင်း​တည်း။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3