10. သို့သော် သင်သည် ငါ၏သွန်သင်ချက်၊ အသက်ရှင်နေထိုင်မှု၊ အကြံအစည်၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌လည်းကောင်း၊
11. အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တရမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သည့် ညှဉ်းဆဲခြင်းနှင့်ဒုက္ခဝေဒနာတို့၌လည်းကောင်း ထက်ကြပ်မကွာပါရှိခဲ့၏။ ထိုကဲ့သို့သော ညှဉ်းဆဲခြင်းများကို ငါခံရသော်လည်း သခင်ဘုရားသည် ထိုအရာအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
12. အမှန်စင်စစ် ခရစ်တော်ယေရှုအားဖြင့် ဘုရားဝတ်၌မွေ့လျော်စွာအသက်ရှင်ရန် အလိုရှိသောသူအားလုံးတို့သည် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။
13. ဆိုးညစ်သောသူများနှင့် လိမ်လည်လှည့်ဖြားသောသူတို့သည် သူတစ်ပါးကိုလှည့်ဖြားလျက် လှည့်ဖြားခြင်းကိုလည်းခံရလျက် ပို၍ဆိုးရွားသောအဖြစ်သို့ ကျဆင်းသွားကြလိမ့်မည်။
14. သင်မူကား မိမိသင်ယူ၍ အခိုင်အမာယုံကြည်သည့်အရာများ၌ တည်နေလော့။ အဘယ်ကြောင့်ဆိုသော် သင်သည် ထိုအရာတို့ကို မည်သူတို့ထံမှ သင်ယူခဲ့သည်ကိုလည်းကောင်း၊
15. ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စေသည့်ဉာဏ်ပညာကို သင့်အားပေးနိုင်သောသမ္မာကျမ်းစာနှင့် သင်သည်ငယ်ရွယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်ကိုလည်းကောင်း သင်သိ၏။
16. ကျမ်းစာထဲ၌ရေးထားသမျှတို့သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဩဝါဒပေးခြင်းအတွက်လည်းကောင်း၊ အပြစ်ကိုဖော်ပြခြင်းအတွက်လည်းကောင်း၊ အမှားကိုပြုပြင်ခြင်းအတွက်လည်းကောင်း၊ ဖြောင့်မတ်ခြင်း၌ ဆုံးမပဲ့ပြင်ခြင်းအတွက်လည်းကောင်း အကျိုးကျေးဇူးရှိ၏။
17. ဤသည်ကား ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်းခံရလျက် ပြည့်ဝစုံလင်သောသူဖြစ်မည့်အကြောင်းတည်း။