တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3:1-10 Myanmar Standard Bible (MSB)

1. သို့​သော် နောက်​ဆုံး​သော​နေ့​ရက်​တို့​၌ ခဲ​ယဉ်း​သော​အ​ချိန်​ကာ​လ​များ​ကျ​ရောက်​မည်​ဖြစ်​ကြောင်း သိ​မှတ်​လော့။

2. အ​ကြောင်း​မူ​ကား လူ​တို့​သည် ကိုယ့်​ကိုယ်​ကိုယ်​ချစ်​သော​သူ၊ ငွေ​ကို​တပ်​မက်​သော​သူ၊ ကြွား​ဝါ​သော​သူ၊ မာ​န​ထောင်​လွှား​သော​သူ၊ စော်​ကား​ပြော​ဆို​သော​သူ၊ မိ​ဘ​စ​ကား​ကို​နား​မ​ထောင်​သော​သူ၊ ကျေး​ဇူး​မ​သိ​သော​သူ၊ မ​သန့်​ရှင်း​သော​သူ၊

3. ကြင်​နာ​စိတ်​ကင်း​မဲ့​သော​သူ၊ ရန်​ငြိုး​ဖွဲ့​သော​သူ၊ ကုန်း​ချော​တတ်​သော​သူ၊ မိ​မိ​စိတ်​ကို​မ​ချုပ်​တည်း​နိုင်​သော​သူ၊ ကြမ်း​ကြုတ်​သော​သူ၊ ကောင်း​သော​အ​မှု​ကို​မုန်း​သော​သူ၊

4. သစ္စာ​ဖောက်​သော​သူ၊ မ​ဆင်​မ​ခြင်​ပြု​သော​သူ၊ မောက်​မာ​သော​သူ၊ ဘု​ရား​သ​ခင်​ကို​နှစ်​သက်​သည်​ထက် ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​ကို သာ​၍​နှစ်​သက်​သော​သူ၊

5. ဘု​ရား​ဝတ်​၌​မွေ့​လျော်​ဟန်​ရှိ​သော်​လည်း ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​၏​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။

6. အ​ကြောင်း​မူ​ကား သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် အိမ်​များ​သို့ မ​သိ​မ​သာ​ဝင်​ပြီး​လျှင် တပ်​မက်​ခြင်း​အ​မျိုး​မျိုး​၏​သွေး​ဆောင်​ရာ​သို့​လိုက်​ပါ​လျက် အ​ပြစ်​ကို​ထပ်​တ​လဲ​လဲ​ပြု​နေ​သော မိန်း​မ​မိုက်​များ​ကို သိမ်း​သွင်း​ကြ​၏။

7. ထို​မိန်း​မ​တို့​သည် အ​မြဲ​သင်​ယူ​နေ​ကြ​သော်​လည်း မည်​သည့်​အ​ခါ​မျှ သမ္မာ​တ​ရား​ကို​သိ​ရှိ​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။

8. ယန္နေ​နှင့်​ယံ​ဗြေ​တို့​သည် မော​ရှေ​ကို​ဆန့်​ကျင်​ခဲ့​သည့်​နည်း​တူ ထို​သူ​တို့​သည်​လည်း သမ္မာ​တ​ရား​ကို​ဆန့်​ကျင်​ကြ​၏။ သူ​တို့​သည် စိတ်​နှ​လုံး​ပျက်​စီး​ယို​ယွင်း​လျက် ယုံ​ကြည်​ခြင်း​အ​ရာ​၌ ကျ​ရှုံး​သော​သူ​များ​ဖြစ်​ကြ​၏။

9. သူ​တို့​သည် နောက်​ထပ်​တိုး​၍ တက်​လှမ်း​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား သူ​တို့​၏​မိုက်​မဲ​မှု​သည် ထို​သူ​နှစ်​ဦး​တို့​၏​မိုက်​မဲ​မှု​ကဲ့​သို့ လူ​အ​ပေါင်း​တို့​ရှေ့​၌ ပေါ်​လွင်​ထင်​ရှား​လာ​လိမ့်​မည်။

10. သို့​သော် သင်​သည် ငါ​၏​သွန်​သင်​ချက်၊ အ​သက်​ရှင်​နေ​ထိုင်​မှု၊ အ​ကြံ​အ​စည်၊ ယုံ​ကြည်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်း​ခံ​ခြင်း​တို့​၌​လည်း​ကောင်း၊

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3