တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:5-23 Myanmar Standard Bible (MSB)

5. မည်​သူ​မ​ဆို အား​က​စား​ပြိုင်​ပွဲ​ကို​ယှဉ်​ပြိုင်​သော​အ​ခါ စည်း​မျဉ်း​စည်း​ကမ်း​နှင့်​အ​ညီ မ​ယှဉ်​ပြိုင်​ပါ​က သ​ရ​ဖူ​ကို​ရ​မည်​မ​ဟုတ်။

6. ကြိုး​စား​လုပ်​ဆောင်​သော​ခြံ​သ​မား​သည် အ​သီး​အ​နှံ​များ​၏​အ​ဦး​ဆုံး​သော​ဝေ​စု​ကို ခံ​စား​သင့်​၏။

7. ငါ​ပြော​ဆို​သော​အ​ရာ​ကို ဆင်​ခြင်​လော့။ သ​ခင်​ဘု​ရား​သည် အ​ရာ​ခပ်​သိမ်း​တို့​၌ သင့်​အား ဉာဏ်​စွမ်း​ကို​ပေး​တော်​မူ​လိမ့်​မည်။

8. ငါ​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​အ​ရ ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​မှ​ပေါ်​ထွန်း​လျက် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​ကို သ​တိ​ရ​လော့။

9. ငါ​သည် ဤ​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် ရာ​ဇ​ဝတ်​သား​ပ​မာ ချည်​နှောင်​ခြင်း​ခံ​ရ​သည့်​တိုင်​အောင် ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​ရ​၏။ သို့​သော် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် ချည်​နှောင်​ခြင်း​ခံ​ရ​သည်​မ​ဟုတ်။

10. ထို့​ကြောင့် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော​ကယ်​တင်​ခြင်း​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ ရ​ရှိ​နိုင်​မည့်​အ​ကြောင်း ငါ​သည် သူ​တို့​အ​တွက် အ​ရာ​ရာ​ကို​သည်း​ခံ​၏။

11. အောက်​ပါ​စ​ကား​သည် သစ္စာ​စ​ကား​ဖြစ်​၏။ ငါ​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ကြ​လိမ့်​မည်။

12. ငါ​တို့​သည် သည်း​ခံ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ကြ​ရ​လိမ့်​မည်။ ကိုယ်​တော်​ကို​ငြင်း​ပယ်​မည်​ဆို​လျှင် ကိုယ်​တော်​သည်​လည်း ငါ​တို့​ကို​ငြင်း​ပယ်​တော်​မူ​လိမ့်​မည်။

13. ငါ​တို့​သည် သစ္စာ​မ​ရှိ​လျှင်​လည်း ကိုယ်​တော်​၏​သစ္စာ​တော်​သည် တည်​မြဲ​တော်​မူ​၏။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​ကိုယ်​ကို​မ​ငြင်း​ပယ်​နိုင်။

14. ဤ​အ​ကြောင်း​အ​ရာ​များ​ကို သူ​တို့​အား သ​တိ​ပေး​နှိုး​ဆော်​လော့။ မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​ဘဲ ကြား​နာ​သော​သူ​တို့​ကို ပျက်​စီး​စေ​သည့် စ​ကား​လုံး​အ​သုံး​အ​နှုန်း​အ​ပေါ်​ငြင်း​ခုံ​ခြင်း​ကို​မ​ပြု​ကြ​ရန် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ သူ​တို့​ကို အ​လေး​အ​နက်​တိုက်​တွန်း​လော့။

15. သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ​တည်း​ဟူ​သော သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​ကို မှန်​ကန်​စွာ​ပိုင်း​ခြား​တတ်​သည့် ရှက်​ကြောက်​စ​ရာ​မ​ရှိ​သော​လုပ်​သား​တစ်​ဦး​အ​ဖြစ် မိ​မိ​ကိုယ်​ကို​ဆက်​သ​နိုင်​ရန် ကြိုး​စား​လော့။

16. သို့​သော် ဘု​ရား​တ​ရား​နှင့်​မ​ဆိုင်​သော အ​ချည်း​နှီး​စ​ကား​များ​ကို ရှောင်​ကြဉ်​လော့။ အ​ကြောင်း​မူ​ကား ၎င်း​တို့​သည် ဘု​ရား​တ​ရား​မဲ့​ခြင်း​ကို ပို​၍​တိုး​ပွား​စေ​တတ်​၏။

17. သူ​တို့​၏​စ​ကား​သည် မြစ်​ပွား​နာ​ကဲ့​သို့​ပျံ့​နှံ့​သွား​လိမ့်​မည်။ ထို​သူ​တို့​ထဲ​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက်​တို့​ပါ​၏။

18. သူ​တို့​သည် သမ္မာ​တ​ရား​လမ်း​မှ​လွဲ​ချော်​၍ သေ​သော​သူ​တို့​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သည် ဖြစ်​ပျက်​ခဲ့​လေ​ပြီ​ဟု​ဆို​လျက် အ​ချို့​သော​သူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို ချွတ်​ချော်​လွဲ​မှား​စေ​ကြ​၏။

19. သို့​ရာ​တွင် ဘု​ရား​သ​ခင်​၏​ခိုင်​ခံ့​သော​အုတ်​မြစ်​သည် တည်​မြဲ​လျက်​ရှိ​၍ ထို​အုတ်​မြစ်​ပေါ်​၌ “ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​တော်​မူ​၏”​ဟူ​၍​လည်း​ကောင်း၊ “ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို တိုင်​တည်​ခေါ်​ဆို​သော​သူ​တိုင်း မ​တ​ရား​မှု​မှ​ဖယ်​ခွာ​ကြ​လော့”​ဟူ​၍​လည်း​ကောင်း တံ​ဆိပ်​ခတ်​နှိပ်​ထား​၏။

20. ကြီး​မား​သော​အိမ်​၌ ရွှေ​ငွေ​ဖြင့်​ပြု​လုပ်​ထား​သော အိုး​ခွက်​များ​သာ​မ​က သစ်​သား​နှင့်​မြေ​ကြီး​တို့​ဖြင့်​ပြု​လုပ်​ထား​သော အိုး​ခွက်​များ​လည်း​ရှိ​၍ အ​ချို့​တို့​ကို အ​သ​ရေ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​လျက် အ​ချို့​တို့​ကို အ​သ​ရေ​မ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​ကြ​၏။

21. သို့​ဖြစ်​၍ မည်​သူ​မ​ဆို အ​ထက်​ဖော်​ပြ​ပါ မ​ကောင်း​သော​အ​ရာ​များ​မှ မိ​မိ​ကိုယ်​ကို​စင်​ကြယ်​စေ​လျှင် သူ​သည် အ​သ​ရေ​ရှိ​သော​အ​ရာ​အ​တွက် သုံး​ရန်​အိုး​ခွက်​တည်း​ဟူ​သော သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၍ သ​ခင်​အ​တွက် အ​သုံး​ဝင်​သော​အိုး​ခွက်၊ ကောင်း​သော​အ​မှု​အား​လုံး​အ​တွက် ပြင်​ဆင်​ခြင်း​ခံ​ရ​သော​အိုး​ခွက်​ဖြစ်​ရ​လိမ့်​မည်။

22. ထို့​ကြောင့် သင်​သည် လူ​ငယ်​တို့​၏​တပ်​မက်​ခြင်း​များ​ကို​ရှောင်​၍ စင်​ကြယ်​သော​စိတ်​နှ​လုံး​ဖြင့် သ​ခင်​ဘု​ရား​ကို​ပတ္ထ​နာ​ပြု​သော​သူ​တို့​နှင့်​အ​တူ ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် ငြိမ်​သက်​ခြင်း​တို့​ကို လက်​ကိုင်​ပြု​လော့။

23. မိုက်​မဲ​၍ ပ​ညာ​မဲ့​သော​အ​ငြင်း​ပွား​မှု​မူ​ကား ခိုက်​ရန်​ဖြစ်​ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက် ရှောင်​ရှား​လော့။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2