22. ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။
23. မိုက်မဲ၍ ပညာမဲ့သောအငြင်းပွားမှုမူကား ခိုက်ရန်ဖြစ်ပွားစေတတ်သည်ဟု သိမှတ်လျက် ရှောင်ရှားလော့။
24. သခင်ဘုရား၏အစေအပါးသည် ခိုက်ရန်မဖြစ်ရ။ သူသည် လူအပေါင်းတို့အပေါ် ဖြည်းညင်းသောသဘောရှိ၍ သင်ကြားပေးနိုင်စွမ်းရှိသောသူ၊ မတရားသဖြင့်ခံရခြင်းကို သည်းခံတတ်သောသူဖြစ်ပြီး
25. ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
26. မာရ်နတ်က သူ့အလိုအတိုင်းပြုစေရန် သူတို့ကိုဖမ်းဆီးထားသော်လည်း သူတို့သည် မာရ်နတ်၏ကျော့ကွင်းမှ လွတ်မြောက်၍ အမြင်မှန်ရကောင်းရကြလိမ့်မည်။