တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:20-26 Myanmar Standard Bible (MSB)

20. ကြီး​မား​သော​အိမ်​၌ ရွှေ​ငွေ​ဖြင့်​ပြု​လုပ်​ထား​သော အိုး​ခွက်​များ​သာ​မ​က သစ်​သား​နှင့်​မြေ​ကြီး​တို့​ဖြင့်​ပြု​လုပ်​ထား​သော အိုး​ခွက်​များ​လည်း​ရှိ​၍ အ​ချို့​တို့​ကို အ​သ​ရေ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​လျက် အ​ချို့​တို့​ကို အ​သ​ရေ​မ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​ကြ​၏။

21. သို့​ဖြစ်​၍ မည်​သူ​မ​ဆို အ​ထက်​ဖော်​ပြ​ပါ မ​ကောင်း​သော​အ​ရာ​များ​မှ မိ​မိ​ကိုယ်​ကို​စင်​ကြယ်​စေ​လျှင် သူ​သည် အ​သ​ရေ​ရှိ​သော​အ​ရာ​အ​တွက် သုံး​ရန်​အိုး​ခွက်​တည်း​ဟူ​သော သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​၍ သ​ခင်​အ​တွက် အ​သုံး​ဝင်​သော​အိုး​ခွက်၊ ကောင်း​သော​အ​မှု​အား​လုံး​အ​တွက် ပြင်​ဆင်​ခြင်း​ခံ​ရ​သော​အိုး​ခွက်​ဖြစ်​ရ​လိမ့်​မည်။

22. ထို့​ကြောင့် သင်​သည် လူ​ငယ်​တို့​၏​တပ်​မက်​ခြင်း​များ​ကို​ရှောင်​၍ စင်​ကြယ်​သော​စိတ်​နှ​လုံး​ဖြင့် သ​ခင်​ဘု​ရား​ကို​ပတ္ထ​နာ​ပြု​သော​သူ​တို့​နှင့်​အ​တူ ဖြောင့်​မတ်​ခြင်း၊ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် ငြိမ်​သက်​ခြင်း​တို့​ကို လက်​ကိုင်​ပြု​လော့။

23. မိုက်​မဲ​၍ ပ​ညာ​မဲ့​သော​အ​ငြင်း​ပွား​မှု​မူ​ကား ခိုက်​ရန်​ဖြစ်​ပွား​စေ​တတ်​သည်​ဟု သိ​မှတ်​လျက် ရှောင်​ရှား​လော့။

24. သ​ခင်​ဘု​ရား​၏​အ​စေ​အ​ပါး​သည် ခိုက်​ရန်​မ​ဖြစ်​ရ။ သူ​သည် လူ​အ​ပေါင်း​တို့​အ​ပေါ် ဖြည်း​ညင်း​သော​သ​ဘော​ရှိ​၍ သင်​ကြား​ပေး​နိုင်​စွမ်း​ရှိ​သော​သူ၊ မ​တ​ရား​သ​ဖြင့်​ခံ​ရ​ခြင်း​ကို သည်း​ခံ​တတ်​သော​သူ​ဖြစ်​ပြီး

25. ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​သော​စိတ်​ဖြင့် ဆုံး​မ​သွန်​သင်​ရ​မည်။ သို့​ပြု​လျှင် ဘု​ရား​သ​ခင်​သည် သူ​တို့​အား နောင်​တ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည် သမ္မာ​တ​ရား​ကို​သိ​ရှိ​လာ​ကာ

26. မာရ်​နတ်​က သူ့​အ​လို​အ​တိုင်း​ပြု​စေ​ရန် သူ​တို့​ကို​ဖမ်း​ဆီး​ထား​သော်​လည်း သူ​တို့​သည် မာရ်​နတ်​၏​ကျော့​ကွင်း​မှ လွတ်​မြောက်​၍ အ​မြင်​မှန်​ရ​ကောင်း​ရ​ကြ​လိမ့်​မည်။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2