တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:10-16 Myanmar Standard Bible (MSB)

10. ထို့​ကြောင့် ရွေး​ကောက်​ခံ​ရ​သော​သူ​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော​ကယ်​တင်​ခြင်း​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ ရ​ရှိ​နိုင်​မည့်​အ​ကြောင်း ငါ​သည် သူ​တို့​အ​တွက် အ​ရာ​ရာ​ကို​သည်း​ခံ​၏။

11. အောက်​ပါ​စ​ကား​သည် သစ္စာ​စ​ကား​ဖြစ်​၏။ ငါ​တို့​သည် ကိုယ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​ကြ​လိမ့်​မည်။

12. ငါ​တို့​သည် သည်း​ခံ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ကြ​ရ​လိမ့်​မည်။ ကိုယ်​တော်​ကို​ငြင်း​ပယ်​မည်​ဆို​လျှင် ကိုယ်​တော်​သည်​လည်း ငါ​တို့​ကို​ငြင်း​ပယ်​တော်​မူ​လိမ့်​မည်။

13. ငါ​တို့​သည် သစ္စာ​မ​ရှိ​လျှင်​လည်း ကိုယ်​တော်​၏​သစ္စာ​တော်​သည် တည်​မြဲ​တော်​မူ​၏။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​ကိုယ်​ကို​မ​ငြင်း​ပယ်​နိုင်။

14. ဤ​အ​ကြောင်း​အ​ရာ​များ​ကို သူ​တို့​အား သ​တိ​ပေး​နှိုး​ဆော်​လော့။ မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ​ဘဲ ကြား​နာ​သော​သူ​တို့​ကို ပျက်​စီး​စေ​သည့် စ​ကား​လုံး​အ​သုံး​အ​နှုန်း​အ​ပေါ်​ငြင်း​ခုံ​ခြင်း​ကို​မ​ပြု​ကြ​ရန် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ သူ​တို့​ကို အ​လေး​အ​နက်​တိုက်​တွန်း​လော့။

15. သင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ​တည်း​ဟူ​သော သမ္မာ​တ​ရား​၏​နှုတ်​က​ပတ်​တော်​ကို မှန်​ကန်​စွာ​ပိုင်း​ခြား​တတ်​သည့် ရှက်​ကြောက်​စ​ရာ​မ​ရှိ​သော​လုပ်​သား​တစ်​ဦး​အ​ဖြစ် မိ​မိ​ကိုယ်​ကို​ဆက်​သ​နိုင်​ရန် ကြိုး​စား​လော့။

16. သို့​သော် ဘု​ရား​တ​ရား​နှင့်​မ​ဆိုင်​သော အ​ချည်း​နှီး​စ​ကား​များ​ကို ရှောင်​ကြဉ်​လော့။ အ​ကြောင်း​မူ​ကား ၎င်း​တို့​သည် ဘု​ရား​တ​ရား​မဲ့​ခြင်း​ကို ပို​၍​တိုး​ပွား​စေ​တတ်​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2