တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:1-4 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​၍ ငါ့​သား၊ သင်​သည် ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခွန်​အား​နှင့်​ပြည့်​စုံ​လော့။

2. များ​စွာ​သော​သက်​သေ​တို့​ရှေ့​၌ ငါ့​ထံ​မှ ကြား​နာ​ရ​သော​အ​ရာ​တို့​ကို အ​ခြား​သူ​တို့​အား​လည်း သင်​ကြား​ပေး​နိုင်​စွမ်း​ရှိ​သည့် သစ္စာ​ရှိ​သော​သူ​တို့​၌ ပေး​အပ်​လော့။

3. ခ​ရစ်​တော်​ယေ​ရှု​၏​စစ်​သား​ကောင်း​တစ်​ဦး​အ​ဖြစ် ငါ​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။

4. စစ်​မှု​ထမ်း​သော​သူ​သည် စစ်​သား​အ​ရာ​၌ မိ​မိ​ကို​ခန့်​ထား​သော​သူ​အား နှစ်​သက်​စေ​ရန် စား​ဝတ်​နေ​ရေး​ကိစ္စ​များ​နှင့် ပတ်​သက်​ရှုပ်​ထွေး​ခြင်း​မ​ရှိ​တတ်။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2