တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:6-17 Myanmar Standard Bible (MSB)

6. ထို့​ကြောင့် ငါ​လက်​တင်​သော​အား​ဖြင့် သင်​ရ​ရှိ​သော​ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​ကို ပြန်​လည်​လှုံ့​ဆော်​ရန် သင့်​ကို ငါ​သ​တိ​ပေး​၏။

7. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ကြောက်​တတ်​သော​ဝိ​ညာဉ်​ကို ပေး​တော်​မူ​သည်​မ​ဟုတ်​ဘဲ တန်​ခိုး၊ ချစ်​ခြင်း​မေတ္တာ၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း​တို့​နှင့်​ဆိုင်​သော​ဝိ​ညာဉ်​ကို ပေး​တော်​မူ​၏။

8. ထို့​ကြောင့် ငါ​တို့​၏​သ​ခင်​ဘု​ရား​အ​ကြောင်း သက်​သေ​ခံ​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​တော်​အ​တွက် အ​ကျဉ်း​သား​ဖြစ်​သည်​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် ငါ​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။

9. ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ကယ်​တင်​တော်​မူ​၍ သန့်​ရှင်း​သော​ခေါ်​ယူ​ခြင်း​ဖြင့် ငါ​တို့​ကို​ခေါ်​ယူ​တော်​မူ​သည်​မှာ ငါ​တို့​ပြု​သော​အ​မှု​များ​ကြောင့်​မ​ဟုတ်​ဘဲ မိ​မိ​၏​အ​ကြံ​အ​စည်​တော်​ကြောင့်​ဖြစ်​ပြီး ရှေး​ကာ​လ​များ​မ​တိုင်​မီ​က​ပင် ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား​ပေး​တော်​မူ​သော​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။

10. ထို​ကျေး​ဇူး​တော်​သည် ငါ​တို့​၏​ကယ်​တင်​ရှင်​ခ​ရစ်​တော်​ယေ​ရှု ပေါ်​ထွန်း​တော်​မူ​ခြင်း​အား​ဖြင့် ယ​ခု​ထင်​ရှား​လေ​ပြီ။ ခ​ရစ်​တော်​သည် သေ​ခြင်း​ကို​ပယ်​ဖျက်​၍ အ​သက်​နှင့်​တ​ကွ ဖောက်​ပြန်​ပျက်​စီး​ခြင်း​နှင့်​ကင်း​သော​အ​ရာ​တို့​ကို ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် အ​လင်း​သို့​ယူ​ဆောင်​လာ​၏။

11. ငါ​သည် ထို​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် သံ​တော်​ဆင့်​အ​ဖြစ်​လည်း​ကောင်း၊ တ​မန်​တော်​အ​ဖြစ်​လည်း​ကောင်း၊ ဆ​ရာ​အ​ဖြစ်​လည်း​ကောင်း ခန့်​အပ်​ထား​ခြင်း​ခံ​ရ​၏။

12. ထို​အ​ကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​လည်း ခံ​စား​နေ​ရ​၏။ သို့​သော် ငါ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား ငါ​သည် မိ​မိ​ယုံ​ကြည်​သော​အ​ရှင်​ကို​သိ​၍ ကိုယ်​တော်​ထံ​၌ ငါ​အပ်​ထား​သော​အ​ရာ​ကို ထို​နေ့​ရက်​တိုင်​အောင် ကိုယ်​တော်​စောင့်​ထိန်း​နိုင်​သည်​ဟု ငါ​ယုံ​ကြည်​စိတ်​ချ​၏။

13. သင်​သည် ခ​ရစ်​တော်​ယေ​ရှု​အ​ပေါ်​၌​ရှိ​သော ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ဖြင့် ငါ့​ထံ​မှ​ကြား​နာ​ရ​သော မှန်​ကန်​ပြည့်​စုံ​သည့်​တ​ရား​စ​ကား​များ​ကို စံ​န​မူ​နာ​အ​ဖြစ်​စွဲ​ကိုင်​ထား​လော့။

14. သင်​၌​အပ်​ထား​သည့် ကောင်း​မြတ်​သော​အ​ရာ​ကို ငါ​တို့​၌​ကိန်း​ဝပ်​တော်​မူ​သည့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် စောင့်​ရှောက်​လော့။

15. သင်​သိ​ထား​သည့်​အ​တိုင်း အာ​ရှ​ပြည်​၌​ရှိ​သော​သူ​အား​လုံး​တို့​သည် ငါ့​ကို​စွန့်​ပယ်​ကြ​ပြီ။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့်​ဟေ​ရ​မော​ဂင်​တို့​လည်း​ပါ​၏။

16. သ​ခင်​ဘု​ရား​သည် ဩ​နေ​သိ​ဖော်​၏​မိ​သား​စု​အ​ပေါ် က​ရု​ဏာ​သက်​တော်​မူ​ပါ​စေ​သော။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည် ငါ့​ကို အ​ကြိမ်​ကြိမ်​နှစ်​သိမ့်​လန်း​ဆန်း​စေ​ပြီး သံ​ကြိုး​ဖြင့် ငါ​ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သည်​ကို ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ

17. ရော​မ​မြို့​သို့ သူ​ရောက်​စဉ်​က ငါ့​ကို​ကြိုး​စား​ပမ်း​စား​ရှာ​၍ ငါ​နှင့်​တွေ့​ခဲ့​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1