2. ချစ်သားတိမောသေထံသို့ စာရေးလိုက်ပါ၏။ ခမည်းတော်ဘုရားသခင်နှင့် ငါတို့သခင်ခရစ်တော်ယေရှုထံမှ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်၌ရှိပါစေသော။
3. ငါသည် နေ့ရောညပါဆုတောင်းသောအခါ သင့်အကြောင်းကို အမြဲမပြတ်သတိရလျက် စင်ကြယ်သောအသိစိတ်ဖြင့် ဘိုးဘေးတို့လက်ထက်ကပင် ဝတ်ပြုလာခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။
4. ငါသည် သင်၏မျက်ရည်များကိုအောက်မေ့သဖြင့် ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝမည့်အကြောင်း သင်နှင့်တွေ့နိုင်ရန်တောင့်တနေ၏။
5. သင်၌ရှိသည့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းကိုလည်း ငါသတိရ၏။ ထိုယုံကြည်ခြင်းသည် သင်၏အဖွားလောဣနှင့် သင်၏မိခင်ဥနိတ်တို့၌ ဦးစွာတည်ရှိ၍ ယခု သင်၌လည်း တည်ရှိသည်ဟု ငါယုံကြည်စိတ်ချ၏။
6. ထို့ကြောင့် ငါလက်တင်သောအားဖြင့် သင်ရရှိသောဘုရားသခင်၏ဆုကျေးဇူးကို ပြန်လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေး၏။