တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:11-17 Myanmar Standard Bible (MSB)

11. ငါ​သည် ထို​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် သံ​တော်​ဆင့်​အ​ဖြစ်​လည်း​ကောင်း၊ တ​မန်​တော်​အ​ဖြစ်​လည်း​ကောင်း၊ ဆ​ရာ​အ​ဖြစ်​လည်း​ကောင်း ခန့်​အပ်​ထား​ခြင်း​ခံ​ရ​၏။

12. ထို​အ​ကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​လည်း ခံ​စား​နေ​ရ​၏။ သို့​သော် ငါ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ကြောင်း​မူ​ကား ငါ​သည် မိ​မိ​ယုံ​ကြည်​သော​အ​ရှင်​ကို​သိ​၍ ကိုယ်​တော်​ထံ​၌ ငါ​အပ်​ထား​သော​အ​ရာ​ကို ထို​နေ့​ရက်​တိုင်​အောင် ကိုယ်​တော်​စောင့်​ထိန်း​နိုင်​သည်​ဟု ငါ​ယုံ​ကြည်​စိတ်​ချ​၏။

13. သင်​သည် ခ​ရစ်​တော်​ယေ​ရှု​အ​ပေါ်​၌​ရှိ​သော ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ဖြင့် ငါ့​ထံ​မှ​ကြား​နာ​ရ​သော မှန်​ကန်​ပြည့်​စုံ​သည့်​တ​ရား​စ​ကား​များ​ကို စံ​န​မူ​နာ​အ​ဖြစ်​စွဲ​ကိုင်​ထား​လော့။

14. သင်​၌​အပ်​ထား​သည့် ကောင်း​မြတ်​သော​အ​ရာ​ကို ငါ​တို့​၌​ကိန်း​ဝပ်​တော်​မူ​သည့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် စောင့်​ရှောက်​လော့။

15. သင်​သိ​ထား​သည့်​အ​တိုင်း အာ​ရှ​ပြည်​၌​ရှိ​သော​သူ​အား​လုံး​တို့​သည် ငါ့​ကို​စွန့်​ပယ်​ကြ​ပြီ။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့်​ဟေ​ရ​မော​ဂင်​တို့​လည်း​ပါ​၏။

16. သ​ခင်​ဘု​ရား​သည် ဩ​နေ​သိ​ဖော်​၏​မိ​သား​စု​အ​ပေါ် က​ရု​ဏာ​သက်​တော်​မူ​ပါ​စေ​သော။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည် ငါ့​ကို အ​ကြိမ်​ကြိမ်​နှစ်​သိမ့်​လန်း​ဆန်း​စေ​ပြီး သံ​ကြိုး​ဖြင့် ငါ​ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သည်​ကို ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ

17. ရော​မ​မြို့​သို့ သူ​ရောက်​စဉ်​က ငါ့​ကို​ကြိုး​စား​ပမ်း​စား​ရှာ​၍ ငါ​နှင့်​တွေ့​ခဲ့​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1