တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:1-9 Myanmar Standard Bible (MSB)

1. ခ​ရစ်​တော်​ယေ​ရှု​၌​တည်​ရှိ​သော အ​သက်​နှင့်​ဆိုင်​သည့်​က​တိ​တော်​အ​တိုင်း ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည်

2. ချစ်​သား​တိ​မော​သေ​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။ ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့် ငါ​တို့​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​ထံ​မှ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​၌​ရှိ​ပါ​စေ​သော။

3. ငါ​သည် နေ့​ရော​ည​ပါ​ဆု​တောင်း​သော​အ​ခါ သင့်​အ​ကြောင်း​ကို အ​မြဲ​မ​ပြတ်​သ​တိ​ရ​လျက် စင်​ကြယ်​သော​အ​သိ​စိတ်​ဖြင့် ဘိုး​ဘေး​တို့​လက်​ထက်​က​ပင် ဝတ်​ပြု​လာ​ခဲ့​သော ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​၏။

4. ငါ​သည် သင်​၏​မျက်​ရည်​များ​ကို​အောက်​မေ့​သ​ဖြင့် ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​ဝ​မည့်​အ​ကြောင်း သင်​နှင့်​တွေ့​နိုင်​ရန်​တောင့်​တ​နေ​၏။

5. သင်​၌​ရှိ​သည့် ဟန်​ဆောင်​မှု​ကင်း​သော​ယုံ​ကြည်​ခြင်း​ကို​လည်း ငါ​သ​တိ​ရ​၏။ ထို​ယုံ​ကြည်​ခြင်း​သည် သင်​၏​အ​ဖွား​လော​ဣ​နှင့် သင်​၏​မိ​ခင်​ဥ​နိတ်​တို့​၌ ဦး​စွာ​တည်​ရှိ​၍ ယ​ခု သင်​၌​လည်း တည်​ရှိ​သည်​ဟု ငါ​ယုံ​ကြည်​စိတ်​ချ​၏။

6. ထို့​ကြောင့် ငါ​လက်​တင်​သော​အား​ဖြင့် သင်​ရ​ရှိ​သော​ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​ကို ပြန်​လည်​လှုံ့​ဆော်​ရန် သင့်​ကို ငါ​သ​တိ​ပေး​၏။

7. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ကြောက်​တတ်​သော​ဝိ​ညာဉ်​ကို ပေး​တော်​မူ​သည်​မ​ဟုတ်​ဘဲ တန်​ခိုး၊ ချစ်​ခြင်း​မေတ္တာ၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း​တို့​နှင့်​ဆိုင်​သော​ဝိ​ညာဉ်​ကို ပေး​တော်​မူ​၏။

8. ထို့​ကြောင့် ငါ​တို့​၏​သ​ခင်​ဘု​ရား​အ​ကြောင်း သက်​သေ​ခံ​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​တော်​အ​တွက် အ​ကျဉ်း​သား​ဖြစ်​သည်​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကောင်း​မြတ်​သော​သ​တင်း​အ​တွက် ငါ​နှင့်​အ​တူ​ဆင်း​ရဲ​ဒုက္ခ​ကို​ခံ​လော့။

9. ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ကယ်​တင်​တော်​မူ​၍ သန့်​ရှင်း​သော​ခေါ်​ယူ​ခြင်း​ဖြင့် ငါ​တို့​ကို​ခေါ်​ယူ​တော်​မူ​သည်​မှာ ငါ​တို့​ပြု​သော​အ​မှု​များ​ကြောင့်​မ​ဟုတ်​ဘဲ မိ​မိ​၏​အ​ကြံ​အ​စည်​တော်​ကြောင့်​ဖြစ်​ပြီး ရှေး​ကာ​လ​များ​မ​တိုင်​မီ​က​ပင် ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား​ပေး​တော်​မူ​သော​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။

တိ​မော​သေ​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1