တိ​တု​ဩ​ဝါ​ဒ​စာ 2:11-15 Myanmar Standard Bible (MSB)

11. အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ပေါ်​ထွန်း​တော်​မူ​ပြီး

12. ငါ​တို့​အား ဘု​ရား​တ​ရား​မဲ့​ခြင်း​နှင့်​လော​ကီ​တပ်​မက်​ခြင်း​တို့​ကို စွန့်​ပယ်​၍ ဤ​လော​က​တွင် ဘု​ရား​ဝတ်​၌​မွေ့​လျော်​စွာ၊ သင့်​တင့်​လျောက်​ပတ်​စွာ​နှင့် ဖြောင့်​မတ်​စွာ​အ​သက်​ရှင်​ရန်​လည်း​ကောင်း၊

13. ကြီး​မြတ်​သည့်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ငါ​တို့​၏​ကယ်​တင်​ရှင်​ယေ​ရှု​ခ​ရစ်​တော်​၏​ဘုန်း​တော်​ပေါ်​ထွန်း​ခြင်း​တည်း​ဟူ​သော မင်္ဂ​လာ​ရှိ​သော​မျှော်​လင့်​ခြင်း​ကို စောင့်​မျှော်​ရန်​လည်း​ကောင်း ဆုံး​မ​သွန်​သင်​လျက်​ရှိ​၏။

14. ခ​ရစ်​တော်​သည် ငါ​တို့​ကို ခပ်​သိမ်း​သော​တ​ရား​မဲ့​ခြင်း​ထဲ​မှ ရွေး​နုတ်​ကယ်​တင်​ရန်​နှင့် ကောင်း​သော​အ​မှု​၌ စိတ်​အား​ထက်​သန်​သည့် မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​ကို မိ​မိ​အ​တွက်​စင်​ကြယ်​စေ​ရန် ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။

15. သင်​သည် ဤ​အ​ရာ​များ​ကို အ​မိန့်​အာ​ဏာ​အ​ပြည့်​အ​ဝ​ဖြင့်​ဟော​ပြော​လျက် တိုက်​တွန်း​နှိုး​ဆော်​ကာ အ​ပြစ်​ကို​ဖော်​ပြ​လော့။ မည်​သူ​မျှ သင့်​ကို မ​ထီ​မဲ့​မြင်​မ​ပြု​စေ​နှင့်။

တိ​တု​ဩ​ဝါ​ဒ​စာ 2