တိ​တု​ဩ​ဝါ​ဒ​စာ 2:1-8 Myanmar Standard Bible (MSB)

1. သင်​မူ​ကား မှန်​ကန်​ပြည့်​စုံ​သော​ဩ​ဝါ​ဒ​နှင့် သင့်​လျော်​သည့်​အ​ရာ​များ​ကို ဟော​ပြော​လော့။

2. အ​သက်​ကြီး​သော​ယောက်ျား​တို့​အား သမ္မာ​သ​တိ​ရှိ​သော​သူ၊ တည်​ကြည်​လေး​နက်​သော​သူ၊ ဣန္ဒြေ​စောင့်​သော​သူ​ဖြစ်​ကြ​ရန်​နှင့် ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် သည်း​ခံ​ခြင်း​တို့​၌ မှန်​ကန်​ပြည့်​စုံ​မှု​ရှိ​ကြ​ရန် ဟော​ပြော​လော့။

3. ထို​နည်း​တူ အ​သက်​ကြီး​သော​အ​မျိုး​သ​မီး​တို့​အား ဓမ္မ​ဝတ်​နှင့်​ထိုက်​တန်​သော​သူ​များ​ကဲ့​သို့​ပြု​မူ​လျက် ကုန်း​ချော​တတ်​သော​သူ၊ စ​ပျစ်​ဝိုင်​၏​ကျေး​ကျွန်​ဖြစ်​သော​သူ​မ​ဟုတ်​ဘဲ ကောင်း​မြတ်​သော​အ​ရာ​ကို​သင်​ပေး​သော​သူ​များ​ဖြစ်​ကြ​ရန် ဟော​ပြော​လော့။

4. ထို​အ​ခါ သူ​တို့​သည် ငယ်​ရွယ်​သော​အ​မျိုး​သ​မီး​တို့​အား ခင်​ပွန်း​သည်​ကို​ချစ်​သော​သူ၊ သား​သ​မီး​များ​ကို​ချစ်​သော​သူ၊

5. ဣန္ဒြေ​စောင့်​သော​သူ၊ ဖြူ​စင်​သန့်​ရှင်း​သော​သူ၊ အိမ်​မှု​ကိစ္စ​ကို​ဆောင်​ရွက်​သော​သူ၊ ကောင်း​မွန်​သော​သူ၊ မိ​မိ​ခင်​ပွန်း​သည်​ကို နာ​ခံ​သော​သူ​ဖြစ်​ကြ​ရန် သ​တိ​ပေး​ဆုံး​မ​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် စော်​ကား​ပြော​ဆို​ခံ​ရ​ခြင်း​မှ ကင်း​လွတ်​လိမ့်​မည်။

6. ထို​နည်း​တူ ငယ်​ရွယ်​သော​ယောက်ျား​တို့​အား တည်​ငြိမ်​မှန်​ကန်​သော​စိတ်​ရှိ​ကြ​ရန် တိုက်​တွန်း​နှိုး​ဆော်​လော့။

7. အ​ရာ​ရာ​၌ ကောင်း​သော​လုပ်​ဆောင်​မှု​၏​စံ​န​မူ​နာ​ကို သင်​ကိုယ်​တိုင်​ပြ​သ​လော့။ ဩ​ဝါ​ဒ​ပေး​ရာ​တွင် သ​မာ​ဓိ​နှင့်​တည်​ကြည်​လေး​နက်​ခြင်း​ရှိ​လျက်

8. အ​ပြစ်​တင်​စ​ရာ​ကင်း​သော မှန်​ကန်​ပြည့်​စုံ​သည့်​စ​ကား​ကို ပြော​ဆို​လော့။ သို့​ပြု​လျှင် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​သည် ငါ​တို့​နှင့်​ပတ်​သက်​၍ မ​ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြော​ဆို​နိုင်​ဘဲ အ​ရှက်​ရ​လိမ့်​မည်။

တိ​တု​ဩ​ဝါ​ဒ​စာ 2