1. သင်မူကား မှန်ကန်ပြည့်စုံသောဩဝါဒနှင့် သင့်လျော်သည့်အရာများကို ဟောပြောလော့။
2. အသက်ကြီးသောယောက်ျားတို့အား သမ္မာသတိရှိသောသူ၊ တည်ကြည်လေးနက်သောသူ၊ ဣန္ဒြေစောင့်သောသူဖြစ်ကြရန်နှင့် ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့၌ မှန်ကန်ပြည့်စုံမှုရှိကြရန် ဟောပြောလော့။
3. ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဓမ္မဝတ်နှင့်ထိုက်တန်သောသူများကဲ့သို့ပြုမူလျက် ကုန်းချောတတ်သောသူ၊ စပျစ်ဝိုင်၏ကျေးကျွန်ဖြစ်သောသူမဟုတ်ဘဲ ကောင်းမြတ်သောအရာကိုသင်ပေးသောသူများဖြစ်ကြရန် ဟောပြောလော့။
4. ထိုအခါ သူတို့သည် ငယ်ရွယ်သောအမျိုးသမီးတို့အား ခင်ပွန်းသည်ကိုချစ်သောသူ၊ သားသမီးများကိုချစ်သောသူ၊
5. ဣန္ဒြေစောင့်သောသူ၊ ဖြူစင်သန့်ရှင်းသောသူ၊ အိမ်မှုကိစ္စကိုဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိခင်ပွန်းသည်ကို နာခံသောသူဖြစ်ကြရန် သတိပေးဆုံးမနိုင်သဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မည်။
6. ထိုနည်းတူ ငယ်ရွယ်သောယောက်ျားတို့အား တည်ငြိမ်မှန်ကန်သောစိတ်ရှိကြရန် တိုက်တွန်းနှိုးဆော်လော့။
7. အရာရာ၌ ကောင်းသောလုပ်ဆောင်မှု၏စံနမူနာကို သင်ကိုယ်တိုင်ပြသလော့။ ဩဝါဒပေးရာတွင် သမာဓိနှင့်တည်ကြည်လေးနက်ခြင်းရှိလျက်
8. အပြစ်တင်စရာကင်းသော မှန်ကန်ပြည့်စုံသည့်စကားကို ပြောဆိုလော့။ သို့ပြုလျှင် ဆန့်ကျင်ဘက်ပြုသောသူသည် ငါတို့နှင့်ပတ်သက်၍ မကောင်းသောအရာတစ်စုံတစ်ခုကိုမျှ မပြောဆိုနိုင်ဘဲ အရှက်ရလိမ့်မည်။
9. ကျွန်ဖြစ်သူတို့အား မိမိသခင်ကို အရာရာ၌နာခံလျက် နှစ်သက်ဖွယ်ဖြစ်စေရန်နှင့် ဆန့်ကျင်ပြောဆိုခြင်း၊
10. ခိုးယူခြင်းတို့ကိုမပြုဘဲ အစဉ်ကောင်းမွန်စွာသစ္စာစောင့်နေကြောင်းကိုပြသရန် တိုက်တွန်းနှိုးဆော်လော့။ ထိုသို့ပြုလျှင် သူတို့သည် အရာရာ၌ ငါတို့ကယ်တင်ရှင်ဘုရားသခင်၏သွန်သင်ချက်ကို တင့်တယ်စေကြလိမ့်မည်။
11. အကြောင်းမူကား လူအပေါင်းတို့ကို ကယ်တင်တော်မူသောဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီး