တိ​တု​ဩ​ဝါ​ဒ​စာ 1:2-4 Myanmar Standard Bible (MSB)

2. မု​သား​နှင့်​ကင်း​စင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ထို​ထာ​ဝ​ရ​အ​သက်​ကို ရှေး​ကာ​လ​များ​မ​တိုင်​မီ​က​ပင် က​တိ​ပေး​တော်​မူ​ပြီး

3. အ​ချိန်​တန်​သော​အ​ခါ ဟော​ပြော​ခြင်း​အ​မှု​အား​ဖြင့် မိ​မိ​၏​နှုတ်​က​ပတ်​တ​ရား​ကို ထင်​ရှား​စေ​တော်​မူ​၍ ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​အ​တိုင်း ထို​အ​မှု​ကို ငါ့​အား​ယုံ​ကြည်​အပ်​နှံ​တော်​မူ​၏။

4. ငါ​သည် တူ​ညီ​သော​ယုံ​ကြည်​ခြင်း​အား​ဖြင့် စစ်​မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိ​တု​ထံ​သို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့် ငါ​တို့​၏​ကယ်​တင်​ရှင်​ခ​ရစ်​တော်​ယေ​ရှု​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​၌​ရှိ​ပါ​စေ​သော။

တိ​တု​ဩ​ဝါ​ဒ​စာ 1