ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 6:7-18 Myanmar Standard Bible (MSB)

7. အ​ယူ​မ​လွဲ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​လေး​စား​ပြု​ခြင်း​ကို​ခံ​တော်​မ​မူ။ အ​ကြောင်း​မူ​ကား လူ​သည် တစ်​စုံ​တစ်​ခု​ကို​စိုက်​ပျိုး​လျှင် ၎င်း​ကို ပြန်​လည်​ရိတ်​သိမ်း​ရ​လိမ့်​မည်။

8. မိ​မိ​သွေး​သား​ဇာ​တိ​၌​စိုက်​ပျိုး​သော​သူ​သည် သွေး​သား​ဇာ​တိ​ထံ​မှ ပျက်​စီး​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​၌​စိုက်​ပျိုး​သော​သူ​မူ​ကား ဝိ​ညာဉ်​တော်​ထံ​မှ ထာ​ဝ​ရ​အ​သက်​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။

9. ငါ​တို့​သည် ကောင်း​သော​အ​မှု​ကို​ပြု​ရာ​၌ စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်​စို့။ အ​ကြောင်း​မူ​ကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အ​ချိန်​တန်​သော​အ​ခါ ရိတ်​သိမ်း​ရ​ကြ​လိမ့်​မည်။

10. ထို့​ကြောင့် ငါ​တို့​သည် အ​ခါ​အ​ခွင့်​ရ​သော​အ​ခါ လူ​အ​ပေါင်း​တို့​အ​ပေါ် အ​ထူး​သ​ဖြင့် ယုံ​ကြည်​ခြင်း​၏​အိမ်​သူ​အိမ်​သား​တို့​အ​ပေါ် ကောင်း​သော​အ​မှု​ကို ပြု​ကြ​ကုန်​စို့။

11. ငါ​သည် မည်​မျှ​လောက်​ကြီး​သော​စာ​လုံး​ကို ငါ့​လက်​ဖြင့် သင်​တို့​ထံ ရေး​လိုက်​သည်​ကို ကြည့်​ကြ​လော့။

12. ကိုယ်​ကာ​ယ​၌ အ​မြင်​ကောင်း​အောင်​ပြု​လို​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​မ​ခံ​လို​၍​သာ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ခံ​ရန် အ​တင်း​အ​ကျပ်​စေ​ခိုင်း​ကြ​ခြင်း​ဖြစ်​၏။

13. အ​ကြောင်း​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​တိုင်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​မ​ရှိ​ကြ​ပေ။ ထို​သူ​တို့​သည် သင်​တို့​၏​ကိုယ်​ကာ​ယ​၌ ဝါ​ကြွား​နိုင်​ရန် သင်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​စေ​လို​ကြ​၏။

14. ငါ့​အ​တွက်​မူ​ကား ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​၌ ဝါ​ကြွား​ခြင်း​မှ​တစ်​ပါး အ​ခြား​ဝါ​ကြွား​စ​ရာ​မ​ရှိ။ ငါ့​အ​နေ​ဖြင့် လော​က​သည် ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​၍ လော​က​အ​နေ​ဖြင့်​လည်း ငါ​သည် ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​လေ​ပြီ။

15. အ​ကြောင်း​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ဖြစ်​စေ၊ အ​ရေ​ဖျား​မ​လှီး​ခြင်း​ဖြစ်​စေ ပ​ဓာ​န​မ​ဟုတ်။ အ​သစ်​ဖန်​ဆင်း​ခံ​ရ​ခြင်း​သာ ပ​ဓာ​န​ဖြစ်​၏။

16. ဤ​နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း လိုက်​လျှောက်​သူ​ရှိ​သ​မျှ​တို့​အ​ပေါ်​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​အစ္စ​ရေး​အ​မျိုး​တို့​အ​ပေါ်​၌​လည်း​ကောင်း ငြိမ်​သက်​ခြင်း​နှင့်​က​ရု​ဏာ​တော် သက်​ရောက်​ပါ​စေ​သော။

17. ယ​ခု​မှ​စ​၍ မည်​သူ​မျှ ငါ့​အား အ​နှောင့်​အ​ယှက်​မ​ပေး​ပါ​စေ​နှင့်။ အ​ကြောင်း​မူ​ကား ငါ​သည် ယေ​ရှု​နှင့်​ဆိုင်​သော​အ​မှတ်​တံ​ဆိပ်​များ​ကို ငါ​၏​ကိုယ်​ခန္ဓာ​၌ ဆောင်​ထား​၏။

18. ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​နှင့်​အ​တူ ရှိ​ပါ​စေ​သော။ အာ​မင်။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 6