ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 6:1-13 Myanmar Standard Bible (MSB)

1. ညီ​အစ်​ကို​တို့၊ လူ​တစ်​ဦး​သည် ကျူး​လွန်​သော​အ​ပြစ်​တစ်​စုံ​တစ်​ခု​ထဲ​၌ နစ်​မွန်း​နေ​လျှင် ဝိ​ညာဉ်​သ​ဘော​ရှိ​သော​သင်​တို့​သည် နူး​ညံ့​သိမ်​မွေ့​သော​စိတ်​ဖြင့် ထို​သူ​ကို ပြု​ပြင်​ပေး​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​လည်း ဖြား​ယောင်း​သွေး​ဆောင်​ခြင်း​သို့​မ​ကျ​ရောက်​စေ​ရန် သ​တိ​ပြု​ကြ​လော့။

2. အ​ချင်း​ချင်း​၏​ဝန်​ထုပ်​ဝန်​ပိုး​များ​ကို ကူ​ညီ​ထမ်း​ရွက်​ပေး​ကြ​လော့။ ထို​သို့​ပြု​ခြင်း​အား​ဖြင့် သင်​တို့​သည် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ပြည့်​စုံ​စေ​ကြ​လိမ့်​မည်။

3. တစ်​စုံ​တစ်​ယောက်​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက် မိ​မိ​ကိုယ်​ကို​အ​ရေး​ပါ​သူ​ဟု ထင်​မှတ်​လျှင် သူ​သည် မိ​မိ​ကိုယ်​ကို​လှည့်​ဖြား​၏။

4. လူ​တိုင်း မိ​မိ​ပြု​သော​အ​မှု​ကို စစ်​ဆေး​ပါ​စေ။ သို့​ပြု​လျှင် သူ​တစ်​ပါး​၌​မ​ဟုတ်​ဘဲ မိ​မိ​တစ်​ကိုယ်​တည်း​၌ ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​လိမ့်​မည်။

5. အ​ကြောင်း​မူ​ကား လူ​တိုင်း​သည် မိ​မိ​ဝန်​ကို​ထမ်း​ရ​မည်​ဖြစ်​၏။

6. နှုတ်​က​ပတ်​တ​ရား​ကို​သင်​ယူ​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​ပေး​ပါ​စေ။

7. အ​ယူ​မ​လွဲ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​လေး​စား​ပြု​ခြင်း​ကို​ခံ​တော်​မ​မူ။ အ​ကြောင်း​မူ​ကား လူ​သည် တစ်​စုံ​တစ်​ခု​ကို​စိုက်​ပျိုး​လျှင် ၎င်း​ကို ပြန်​လည်​ရိတ်​သိမ်း​ရ​လိမ့်​မည်။

8. မိ​မိ​သွေး​သား​ဇာ​တိ​၌​စိုက်​ပျိုး​သော​သူ​သည် သွေး​သား​ဇာ​တိ​ထံ​မှ ပျက်​စီး​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​၌​စိုက်​ပျိုး​သော​သူ​မူ​ကား ဝိ​ညာဉ်​တော်​ထံ​မှ ထာ​ဝ​ရ​အ​သက်​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။

9. ငါ​တို့​သည် ကောင်း​သော​အ​မှု​ကို​ပြု​ရာ​၌ စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်​စို့။ အ​ကြောင်း​မူ​ကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အ​ချိန်​တန်​သော​အ​ခါ ရိတ်​သိမ်း​ရ​ကြ​လိမ့်​မည်။

10. ထို့​ကြောင့် ငါ​တို့​သည် အ​ခါ​အ​ခွင့်​ရ​သော​အ​ခါ လူ​အ​ပေါင်း​တို့​အ​ပေါ် အ​ထူး​သ​ဖြင့် ယုံ​ကြည်​ခြင်း​၏​အိမ်​သူ​အိမ်​သား​တို့​အ​ပေါ် ကောင်း​သော​အ​မှု​ကို ပြု​ကြ​ကုန်​စို့။

11. ငါ​သည် မည်​မျှ​လောက်​ကြီး​သော​စာ​လုံး​ကို ငါ့​လက်​ဖြင့် သင်​တို့​ထံ ရေး​လိုက်​သည်​ကို ကြည့်​ကြ​လော့။

12. ကိုယ်​ကာ​ယ​၌ အ​မြင်​ကောင်း​အောင်​ပြု​လို​သော​သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​မ​ခံ​လို​၍​သာ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ခံ​ရန် အ​တင်း​အ​ကျပ်​စေ​ခိုင်း​ကြ​ခြင်း​ဖြစ်​၏။

13. အ​ကြောင်း​မူ​ကား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည်​လည်း မိ​မိ​တို့​ကိုယ်​တိုင်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​မ​ရှိ​ကြ​ပေ။ ထို​သူ​တို့​သည် သင်​တို့​၏​ကိုယ်​ကာ​ယ​၌ ဝါ​ကြွား​နိုင်​ရန် သင်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​စေ​လို​ကြ​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 6