ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5:23-26 Myanmar Standard Bible (MSB)

23. နူး​ညံ့​သိမ်​မွေ့​ခြင်း၊ မိ​မိ​ကိုယ်​ကို​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ဤ​အ​ရာ​များ​ကို ဆန့်​ကျင်​သော​တ​ရား​မ​ရှိ။

24. ခ​ရစ်​တော်​ယေ​ရှု​နှင့်​ဆိုင်​သော​သူ​တို့​သည် သွေး​သား​ဇာ​တိ​ကို ၎င်း​၏​စိတ်​ပြင်း​ပြ​မှု​များ၊ တပ်​မက်​မှု​များ​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ကြ​ပြီ။

25. ငါ​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​ကြ​လျှင် ဝိ​ညာဉ်​တော်​နှင့်​ထက်​ကြပ်​မ​ကွာ​လိုက်​လျှောက်​ကြ​ကုန်​စို့။

26. စိတ်​ကြီး​ဝင်​၍ အ​ချင်း​ချင်း​ရန်​လို​သော​စိတ်၊ အ​ချင်း​ချင်း​မ​လို​မုန်း​ထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်​စို့။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 5