ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4:8-11 Myanmar Standard Bible (MSB)

8. သို့​သော် ဘု​ရား​သ​ခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်​ကို​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော​အ​ရာ​များ​ထံ ကျွန်​ခံ​ခဲ့​ကြ​၏။

9. ယ​ခု​မူ​ကား သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​သိ​ကြ​၏။ တစ်​နည်း​ဆို​ရ​လျှင် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​သိ​တော်​မူ​၏။ သို့​ဖြစ်​လျှင် အား​နည်း​၍ ချမ်း​သာ​မ​ပေး​နိုင်​သော​အ​ခြေ​ခံ​တ​ရား​ဘက်​သို့ အ​ဘယ်​ကြောင့် ပြန်​လှည့်​၍ ထို​အ​ခြေ​ခံ​တ​ရား​ထံ အ​သစ်​တစ်​ဖန် ပြန်​၍​ကျွန်​ခံ​လို​ကြ​သ​နည်း။

10. သင်​တို့​သည် နေ့​ရက်​များ၊ လ​များ၊ အ​ချိန်​အ​ခါ​များ​နှင့် နှစ်​တို့​ကို စောင့်​ထိန်း​ကြ​ပြီ​တ​ကား။

11. သင်​တို့​အ​တွက် ငါ​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သော​အ​ရာ​သည် အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အ​ချည်း​နှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အ​တွက် ငါ​စိုး​ရိမ်​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4