ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4:18-31 Myanmar Standard Bible (MSB)

18. သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​စဉ်​တွင်​သာ​မ​ဟုတ်​ဘဲ အ​စဉ်​အ​မြဲ ကောင်း​သော​ရည်​ရွယ်​ချက်​ဖြင့် အ​ရေး​တ​ယူ​ပြု​ခံ​ရ​ခြင်း​သည် ကောင်း​ပေ​၏။

19. ခ​ရစ်​တော်​၏​အ​သွင်​သဏ္ဌာန်​သည် သင်​တို့​ထဲ​၌ ပေါ်​ပေါက်​လာ​သည့်​တိုင်​အောင် သင်​တို့​အ​တွက် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​တစ်​ဖန်​ခံ​စား​ရ​သော ငါ့​သား​သ​မီး​တို့၊

20. ငါ​သည် သင်​တို့​နှင့်​ပတ်​သက်​၍ တွေး​မ​ရ​ဖြစ်​နေ​သ​ဖြင့် ယ​ခု​ပင် သင်​တို့​နှင့်​အ​တူ​ရှိ​လျက် ငါ့​လေ​သံ​ကို ငါ​ပြောင်း​လို​၏။

21. ပ​ညတ်​တ​ရား​အောက်​၌​နေ​လို​သော​သူ​တို့၊ ငါ့​ကို​ပြော​ပြ​ကြ​လော့။ ပ​ညတ်​တ​ရား​က မည်​သို့​မိန့်​ဆို​ထား​သည်​ကို သင်​တို့​မ​ကြား​ကြ​သ​လော။

22. အ​ကြောင်း​မူ​ကား “အာ​ဗြ​ဟံ​၌ သား​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ကျွန်​မ​၏​သား​ဖြစ်​ပြီး တစ်​ဦး​သည် လွတ်​လပ်​သော​မိန်း​မ​၏​သား​ဖြစ်​၏”​ဟု ရေး​ထား​၏။

23. ကျွန်​မ​၏​သား​သည် သွေး​သား​ဇာ​တိ​အ​ရ​မွေး​ဖွား​လာ​၏။ လွတ်​လပ်​သော​မိန်း​မ​၏​သား​မူ​ကား က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​၏။

24. ဤ​အ​ကြောင်း​အ​ရာ​တို့​သည် ပုံ​ဆောင်​ချက်​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား ထို​မိန်း​မ​နှစ်​ဦး​သည် ပ​ဋိ​ညာဉ်​နှစ်​ပါး​ကို​ဆို​လို​၏။ တစ်​ပါး​သည် သိ​နာ​တောင်​မှ​ဖြစ်​၍ ကျွန်​ကို​မွေး​ဖွား​၏။ ထို​သူ​သည် ဟာ​ဂ​ရ​ဖြစ်​၏။

25. ဟာ​ဂ​ရ​သည် အာ​ရေ​ဗျ​ပြည်​၌​ရှိ​သော သိ​နာ​တောင်​ကို​ဆို​လို​၍ လက်​ရှိ​ဂျေ​ရု​ဆ​လင်​မြို့​နှင့်​လည်း အ​လား​တူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ၎င်း​သည် မိ​မိ​၏​သား​သ​မီး​တို့​နှင့်​အ​တူ ကျွန်​ခံ​နေ​ရ​၏။

26. သို့​သော် အ​ထက်​အ​ရပ်​တွင်​ရှိ​သော ဂျေ​ရု​ဆ​လင်​မြို့​သည် လွတ်​လပ်​သော​မိန်း​မ​ဖြစ်​၍ ၎င်း​သည် ငါ​တို့​၏​အ​မိ​ဖြစ်​၏။

27. အ​ကြောင်း​မူ​ကား “သား​မ​ဖွား​ဖူး​သော​အ​မြုံ​မ၊ ပျော်​ရွှင်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို​မ​ခံ​စား​ဖူး​သော​မိန်း​မ၊ အ​သံ​ကုန်​လွှင့်​၍ ဟစ်​ကြော်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် စွန့်​ပစ်​ခံ​ရ​သော​မိန်း​မ​၏​သား​သ​မီး​တို့​သည် ယောက်ျား​ရှိ​သော​မိန်း​မ​၏​သား​သ​မီး​တို့​ထက် များ​ကြ​၏”​ဟု ရေး​ထား​၏။

28. ညီ​အစ်​ကို​တို့၊ သင်​တို့​မူ​ကား ဣ​ဇက်​ကဲ့​သို့ က​တိ​တော်​နှင့်​ဆိုင်​သော သား​သ​မီး​များ​ဖြစ်​ကြ​၏။

29. သို့​သော် ထို​စဉ်​က သွေး​သား​ဇာ​တိ​အ​ရ​မွေး​ဖွား​သော​သား​သည် ဝိ​ညာဉ်​တော်​အ​ရ​မွေး​ဖွား​သော​သား​ကို ညှဉ်း​ဆဲ​သ​ကဲ့​သို့ ယ​ခု​လည်း ထို​နည်း​တူ​ဖြစ်​၏။

30. သို့​ရာ​တွင် ကျမ်း​စာ​က မည်​သို့​ဆို​ထား​သ​နည်း။ “ကျွန်​မ​နှင့်​သူ​၏​သား​ကို နှင်​ထုတ်​လော့။ အ​ကြောင်း​မူ​ကား ကျွန်​မ​၏​သား​သည် လွတ်​လပ်​သော​မိန်း​မ​၏​သား​နှင့်​အ​တူ လုံး​ဝ​အ​မွေ​ဆက်​ခံ​ရ​မည်​မ​ဟုတ်”​ဟု ဆို​ထား​၏။

31. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ကျွန်​မ​၏​သား​သ​မီး​များ​မ​ဟုတ်​ဘဲ လွတ်​လပ်​သော​မိန်း​မ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4