ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4:11-25 Myanmar Standard Bible (MSB)

11. သင်​တို့​အ​တွက် ငါ​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သော​အ​ရာ​သည် အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အ​ချည်း​နှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အ​တွက် ငါ​စိုး​ရိမ်​၏။

12. ညီ​အစ်​ကို​တို့၊ ငါ​ကဲ့​သို့​ဖြစ်​ကြ​ပါ​ဟု သင်​တို့​အား ငါ​တောင်း​ပန်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည်​လည်း သင်​တို့​ကဲ့​သို့​ဖြစ်​ခဲ့​၏။ သင်​တို့​သည် ငါ့​အ​ပေါ် မည်​သည့်​မ​တ​ရား​မှု​ကို​မျှ မ​ပြု​ခဲ့​ကြ​ပေ။

13. ပ​ထ​မ​အ​ကြိမ် သင်​တို့​အား ကောင်း​မြတ်​သော​သ​တင်း​ကို ငါ​ဟော​ပြော​ရ​ခြင်း​မှာ ကိုယ်​ကာ​ယ​နာ​မ​ကျန်း​သော​ကြောင့်​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ​၏။

14. ထို​သို့ ငါ​၏​ကိုယ်​ကာ​ယ​အ​ခြေ​အ​နေ​သည် သင်​တို့​အ​တွက် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ဖြစ်​သော်​လည်း သင်​တို့​သည် ငါ့​ကို​မ​ထီ​မဲ့​မြင်​မ​ပြု၊ ရွံ​ရှာ​ခြင်း​လည်း​မ​ရှိ​ဘဲ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ်​တော်​ယေ​ရှု​ကဲ့​သို့​လည်း​ကောင်း ငါ့​ကို​လက်​ခံ​ကြ​၏။

15. သို့​ဖြစ်​လျက်​ပင် သင်​တို့​ခံ​စား​ရ​သော​မင်္ဂ​လာ​သည် မည်​သို့​ဖြစ်​သွား​သ​နည်း။ သင်​တို့​သည် ဖြစ်​နိုင်​လျှင် သင်​တို့​၏​မျက်​စိ​ကို​ပင်​ထုတ်​၍ ငါ့​အား​ပေး​ခဲ့​ကြ​ပေ​လိမ့်​မည်​ဟု သင်​တို့​နှင့်​ပတ်​သက်​၍ ငါ​သက်​သေ​ခံ​၏။

16. ငါ​သည် သင်​တို့​အား သမ္မာ​တ​ရား​ကို​ဟော​ပြော​သော​ကြောင့် သင်​တို့​၏​ရန်​သူ​ဖြစ်​သွား​ပြီ​လော။

17. သင်​တို့​အ​ပေါ် အ​ရေး​တ​ယူ​ပြု​ကြ​သော​ထို​သူ​တို့​သည် ကောင်း​သော​ရည်​ရွယ်​ချက်​ကြောင့်​မ​ဟုတ်​ဘဲ သူ​တို့​အ​ပေါ် အ​ရေး​တ​ယူ​ပြု​စေ​ရန် သင်​တို့​ကို သီး​သန့်​ဖယ်​ထုတ်​လို​၍​သာ​ဖြစ်​၏။

18. သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​စဉ်​တွင်​သာ​မ​ဟုတ်​ဘဲ အ​စဉ်​အ​မြဲ ကောင်း​သော​ရည်​ရွယ်​ချက်​ဖြင့် အ​ရေး​တ​ယူ​ပြု​ခံ​ရ​ခြင်း​သည် ကောင်း​ပေ​၏။

19. ခ​ရစ်​တော်​၏​အ​သွင်​သဏ္ဌာန်​သည် သင်​တို့​ထဲ​၌ ပေါ်​ပေါက်​လာ​သည့်​တိုင်​အောင် သင်​တို့​အ​တွက် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​တစ်​ဖန်​ခံ​စား​ရ​သော ငါ့​သား​သ​မီး​တို့၊

20. ငါ​သည် သင်​တို့​နှင့်​ပတ်​သက်​၍ တွေး​မ​ရ​ဖြစ်​နေ​သ​ဖြင့် ယ​ခု​ပင် သင်​တို့​နှင့်​အ​တူ​ရှိ​လျက် ငါ့​လေ​သံ​ကို ငါ​ပြောင်း​လို​၏။

21. ပ​ညတ်​တ​ရား​အောက်​၌​နေ​လို​သော​သူ​တို့၊ ငါ့​ကို​ပြော​ပြ​ကြ​လော့။ ပ​ညတ်​တ​ရား​က မည်​သို့​မိန့်​ဆို​ထား​သည်​ကို သင်​တို့​မ​ကြား​ကြ​သ​လော။

22. အ​ကြောင်း​မူ​ကား “အာ​ဗြ​ဟံ​၌ သား​နှစ်​ဦး​ရှိ​၏။ တစ်​ဦး​သည် ကျွန်​မ​၏​သား​ဖြစ်​ပြီး တစ်​ဦး​သည် လွတ်​လပ်​သော​မိန်း​မ​၏​သား​ဖြစ်​၏”​ဟု ရေး​ထား​၏။

23. ကျွန်​မ​၏​သား​သည် သွေး​သား​ဇာ​တိ​အ​ရ​မွေး​ဖွား​လာ​၏။ လွတ်​လပ်​သော​မိန်း​မ​၏​သား​မူ​ကား က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​၏။

24. ဤ​အ​ကြောင်း​အ​ရာ​တို့​သည် ပုံ​ဆောင်​ချက်​များ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား ထို​မိန်း​မ​နှစ်​ဦး​သည် ပ​ဋိ​ညာဉ်​နှစ်​ပါး​ကို​ဆို​လို​၏။ တစ်​ပါး​သည် သိ​နာ​တောင်​မှ​ဖြစ်​၍ ကျွန်​ကို​မွေး​ဖွား​၏။ ထို​သူ​သည် ဟာ​ဂ​ရ​ဖြစ်​၏။

25. ဟာ​ဂ​ရ​သည် အာ​ရေ​ဗျ​ပြည်​၌​ရှိ​သော သိ​နာ​တောင်​ကို​ဆို​လို​၍ လက်​ရှိ​ဂျေ​ရု​ဆ​လင်​မြို့​နှင့်​လည်း အ​လား​တူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ၎င်း​သည် မိ​မိ​၏​သား​သ​မီး​တို့​နှင့်​အ​တူ ကျွန်​ခံ​နေ​ရ​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4