ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4:1-12 Myanmar Standard Bible (MSB)

1. ငါ​ဆို​လို​သည်​ကား အ​မွေ​ခံ​သည် အ​မွေ​ပစ္စည်း​ရှိ​သ​မျှ​ကို ပိုင်​ဆိုင်​သူ​ဖြစ်​သော်​လည်း က​လေး​သူ​ငယ်​ဖြစ်​နေ​သေး​သ​ရွေ့ ကျွန်​နှင့်​ခြား​နား​ခြင်း​မ​ရှိ​ဘဲ

2. ဖ​ခင်​သတ်​မှတ်​သော​အ​ချိန်​မ​ရောက်​မ​ချင်း အိမ်​မှု​ကိစ္စ​စီ​မံ​ကွပ်​ကဲ​သူ​နှင့်​ဘဏ္ဍာ​စိုး​တို့​၏​လက်​အောက်​၌ နေ​ရ​၏။

3. ထို​နည်း​တူ ငါ​တို့​သည်​လည်း က​လေး​သူ​ငယ်​ဖြစ်​ကြ​စဉ် လော​က​၏​အ​ခြေ​ခံ​တ​ရား​အောက်​၌ ကျွန်​ခံ​ခဲ့​ကြ​၏။

4. သို့​သော် အ​ချိန်​ကာ​လ​ပြည့်​စုံ​ခြင်း​သို့​ရောက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် မိ​မိ​၏​သား​တော်​ကို​စေ​လွှတ်​တော်​မူ​၍ ထို​သား​တော်​သည် မိန်း​မ​တစ်​ဦး​မှ​မွေး​ဖွား​လျက် ပ​ညတ်​တ​ရား​အောက်​၌ ပေါ်​ထွန်း​တော်​မူ​၏။

5. ဤ​သည်​ကား ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​တို့​ကို ရွေး​နုတ်​တော်​မူ​သ​ဖြင့် ငါ​တို့​သည် သား​သ​မီး​အ​ရာ​ကို​ရ​ရှိ​ကြ​ရန်​ဖြစ်​၏။

6. ထို​သို့ သင်​တို့​သည် သား​သ​မီး​များ​ဖြစ်​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် “အဗ္ဗ၊ အ​ဖ”​ဟု ခေါ်​တတ်​သော မိ​မိ​သား​တော်​၏​ဝိ​ညာဉ်​တော်​ကို ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့ စေ​လွှတ်​တော်​မူ​၏။

7. သို့​ဖြစ်​၍ သင်​သည် ကျွန်​မ​ဟုတ်​တော့​ဘဲ သား​ဖြစ်​၏။ သား​ဖြစ်​လျှင် ဘု​ရား​သ​ခင်​အား​ဖြင့် အ​မွေ​ခံ​လည်း​ဖြစ်​၏။

8. သို့​သော် ဘု​ရား​သ​ခင်​ကို​မ​သိ​ခဲ့​စဉ်​က သင်​တို့​သည် ပင်​ကို​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော​အ​ရာ​များ​ထံ ကျွန်​ခံ​ခဲ့​ကြ​၏။

9. ယ​ခု​မူ​ကား သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​သိ​ကြ​၏။ တစ်​နည်း​ဆို​ရ​လျှင် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​သိ​တော်​မူ​၏။ သို့​ဖြစ်​လျှင် အား​နည်း​၍ ချမ်း​သာ​မ​ပေး​နိုင်​သော​အ​ခြေ​ခံ​တ​ရား​ဘက်​သို့ အ​ဘယ်​ကြောင့် ပြန်​လှည့်​၍ ထို​အ​ခြေ​ခံ​တ​ရား​ထံ အ​သစ်​တစ်​ဖန် ပြန်​၍​ကျွန်​ခံ​လို​ကြ​သ​နည်း။

10. သင်​တို့​သည် နေ့​ရက်​များ၊ လ​များ၊ အ​ချိန်​အ​ခါ​များ​နှင့် နှစ်​တို့​ကို စောင့်​ထိန်း​ကြ​ပြီ​တ​ကား။

11. သင်​တို့​အ​တွက် ငါ​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သော​အ​ရာ​သည် အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် အ​ချည်း​နှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အ​တွက် ငါ​စိုး​ရိမ်​၏။

12. ညီ​အစ်​ကို​တို့၊ ငါ​ကဲ့​သို့​ဖြစ်​ကြ​ပါ​ဟု သင်​တို့​အား ငါ​တောင်း​ပန်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည်​လည်း သင်​တို့​ကဲ့​သို့​ဖြစ်​ခဲ့​၏။ သင်​တို့​သည် ငါ့​အ​ပေါ် မည်​သည့်​မ​တ​ရား​မှု​ကို​မျှ မ​ပြု​ခဲ့​ကြ​ပေ။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 4