ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3:7-14 Myanmar Standard Bible (MSB)

7. သို့​ဖြစ်​၍ ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သည်​ကို သိ​မှတ်​ကြ​လော့။

8. ဘု​ရား​သ​ခင်​သည် လူ​မျိုး​ခြား​တို့​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​သည် ကြို​တင်​သိ​မြင်​၍ အာ​ဗြ​ဟံ​အား “လူ​မျိုး​အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​လိမ့်​မည်”​ဟူ​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို ကြို​တင်​ဟော​ပြော​လေ​၏။

9. ထို့​ကြောင့် ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံ​ကြည်​သော​အာ​ဗြ​ဟံ​နှင့်​အ​တူ ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​ကြ​၏။

10. “ပ​ညတ်​တ​ရား​ကျမ်း​၌ ရေး​ထား​သ​မျှ​သော​အ​ရာ​တို့​ကို အ​မြဲ​မ​ကျင့်​သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံ​ရ​၏”​ဟု ရေး​ထား​သည်​ဖြစ်​၍ ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​ကို အ​မှီ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကျိန်​ခြင်း​အောက်​၌​ရှိ​ကြ​၏။

11. “ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​မည်”​ဖြစ်​သော​ကြောင့် ပ​ညတ်​တ​ရား​အား​ဖြင့် မည်​သူ​မျှ ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သိ​သာ​ထင်​ရှား​၏။

12. သို့​သော် ပ​ညတ်​တ​ရား​သည် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပ​ညတ်​တ​ရား​တို့​ကို ကျင့်​သုံး​သော​သူ​သည် ၎င်း​တို့​အား​ဖြင့် အ​သက်​ရှင်​မည်”​ဖြစ်​၏။

13. ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ကျိန်​ခြင်း​ခံ​ရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပ​ညတ်​တ​ရား​၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် “သစ်​တိုင်​ပေါ်​၌​ဆွဲ​ထား​ခြင်း​ခံ​ရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံ​ရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။

14. ထို​သို့ ငါ​တို့​ကို​ရွေး​နုတ်​တော်​မူ​ခြင်း​မှာ အာ​ဗြ​ဟံ​ခံ​စား​ရ​သော​ကောင်း​ချီး​မင်္ဂ​လာ​သည် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် လူ​မျိုး​ခြား​တို့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့် က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​ခံ​ယူ​ရ​ရှိ​ရန်​အ​တွက်​ဖြစ်​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3