ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3:12-18 Myanmar Standard Bible (MSB)

12. သို့​သော် ပ​ညတ်​တ​ရား​သည် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပ​ညတ်​တ​ရား​တို့​ကို ကျင့်​သုံး​သော​သူ​သည် ၎င်း​တို့​အား​ဖြင့် အ​သက်​ရှင်​မည်”​ဖြစ်​၏။

13. ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက် ကျိန်​ခြင်း​ခံ​ရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပ​ညတ်​တ​ရား​၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် “သစ်​တိုင်​ပေါ်​၌​ဆွဲ​ထား​ခြင်း​ခံ​ရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံ​ရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။

14. ထို​သို့ ငါ​တို့​ကို​ရွေး​နုတ်​တော်​မူ​ခြင်း​မှာ အာ​ဗြ​ဟံ​ခံ​စား​ရ​သော​ကောင်း​ချီး​မင်္ဂ​လာ​သည် ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် လူ​မျိုး​ခြား​တို့​အ​ပေါ်​သို့ သက်​ရောက်​သ​ဖြင့် က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​ခံ​ယူ​ရ​ရှိ​ရန်​အ​တွက်​ဖြစ်​၏။

15. ညီ​အစ်​ကို​တို့၊ လူ​၏​ထုံး​စံ​ကို​ပုံ​ဆောင်​၍ ငါ​ပြော​မည်။ လူ​တို့​ချုပ်​ဆို​ထား​သော​စာ​ချုပ်​ပင်​လျှင် မည်​သူ​က​မျှ ပယ်​ဖျက်​ခြင်း သို့​မ​ဟုတ် ဖြည့်​စွက်​ခြင်း​မ​ပြု​ရ​ချေ။

16. ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏​အ​မျိုး​အ​နွယ်​အား က​တိ​ပေး​တော်​မူ​ရာ​၌ အ​များ​ကို​ရည်​ညွှန်း​၍ “အ​မျိုး​အ​နွယ်​တို့”​ဟု မိန့်​တော်​မ​မူ​ဘဲ တစ်​ယောက်​သော​သူ​ကို​သာ​ရည်​ညွှန်း​၍ “သင်​၏​အ​မျိုး​အ​နွယ်”​ဟု မိန့်​တော်​မူ​၏။ ထို​သူ​ကား ခ​ရစ်​တော်​ဖြစ်​၏။

17. ငါ​ဆို​လို​သည်​မှာ ဤ​သို့​ဖြစ်​၏။ နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​လွန်​ပြီး​မှ ပေါ်​လာ​သည့်​ပ​ညတ်​တ​ရား​သည် ဘု​ရား​သ​ခင်​ကြို​တင်​ဖွဲ့​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​ပယ်​ဖျက်​သ​ကဲ့​သို့ က​တိ​တော်​ကို​လည်း မ​ပျက်​ပြယ်​စေ​နိုင်​ရာ။

18. အ​ကြောင်း​မူ​ကား အ​မွေ​တော်​သည် ပ​ညတ်​တ​ရား​အ​ပေါ်​၌​မူ​တည်​လျှင် က​တိ​တော်​အ​ပေါ်​၌ မ​မူ​တည်​တော့​ပေ။ သို့​သော် ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​အား ထို​အ​မွေ​တော်​ကို က​တိ​တော်​အား​ဖြင့် ပေး​သ​နား​တော်​မူ​ပြီ။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3