ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3:1-9 Myanmar Standard Bible (MSB)

1. အို မိုက်​မဲ​သော​ဂ​လာ​တိ​ပြည်​သား​တို့၊ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ရ​သော ယေ​ရှု​ခ​ရစ်​တော်​သည် သင်​တို့​မျက်​စိ​ရှေ့​၌ ထင်​ရှား​စွာ​ဖော်​ပြ​ခြင်း​ခံ​ရ​လျက်​နှင့် မည်​သူ​က သင်​တို့​ကို​ပြု​စား​လိုက်​သ​နည်း။

2. ဤ​အ​ချက်​ကို​သာ သင်​တို့​ထံ​မှ ငါ​သိ​လို​၏။ သင်​တို့​သည် ဝိ​ညာဉ်​တော်​ကို ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​အား​ဖြင့် ခံ​ယူ​ရ​ရှိ​ကြ​သ​လော။ သို့​မ​ဟုတ် ကြား​နာ​၍​ယုံ​ကြည်​သော​အား​ဖြင့် ခံ​ယူ​ရ​ရှိ​ကြ​သ​လော။

3. သင်​တို့​သည် ဤ​မျှ​လောက် မိုက်​မဲ​ကြ​သ​လော။ ဝိ​ညာဉ်​တော်​အား​ဖြင့်​အ​စ​ပြု​ခဲ့​ပြီး​မှ ယ​ခု သွေး​သား​ဇာ​တိ​အား​ဖြင့် အ​ဆုံး​သတ်​လို​ကြ​သ​လော။

4. သင်​တို့​သည် ဤ​မျှ​လောက် များ​စွာ​သော​ဒုက္ခ​ဝေ​ဒ​နာ​ကို အ​ချည်း​နှီး​ခံ​စား​ခဲ့​ကြ​ပြီ​လော။ ၎င်း​သည် အ​မှန်​ပင် အ​ချည်း​နှီး​ဖြစ်​သ​လော။

5. သို့​ဖြစ်​လျှင် ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး​တော်​မူ​၍ သင်​တို့​ထဲ​၌ တန်​ခိုး​နှင့်​ပြည့်​စုံ​သော​အ​မှု​ကို ပြု​တော်​မူ​သော​အ​ရှင်​သည် သင်​တို့​၏​ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​ကြောင့် ထို​သို့​ပြု​တော်​မူ​သ​လော။ သို့​မ​ဟုတ် သင်​တို့​ကြား​နာ​၍​ယုံ​ကြည်​သော​ကြောင့် ထို​သို့​ပြု​တော်​မူ​သ​လော။

6. ဤ​သည်​ကား အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏​ဟု ဆို​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

7. သို့​ဖြစ်​၍ ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​ကြ​သည်​ကို သိ​မှတ်​ကြ​လော့။

8. ဘု​ရား​သ​ခင်​သည် လူ​မျိုး​ခြား​တို့​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​သည် ကြို​တင်​သိ​မြင်​၍ အာ​ဗြ​ဟံ​အား “လူ​မျိုး​အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​လိမ့်​မည်”​ဟူ​သည့် ကောင်း​မြတ်​သော​သ​တင်း​ကို ကြို​တင်​ဟော​ပြော​လေ​၏။

9. ထို့​ကြောင့် ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံ​ကြည်​သော​အာ​ဗြ​ဟံ​နှင့်​အ​တူ ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​ကြ​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 3