ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 2:18-21 Myanmar Standard Bible (MSB)

18. အ​ကြောင်း​မူ​ကား ငါ​သည် မိ​မိ​ဖြို​ဖျက်​ခဲ့​သော ထို​အ​ရာ​များ​ကို ပြန်​လည်​တည်​ဆောက်​လျှင် ကိုယ့်​ကိုယ်​ကိုယ် ပ​ညတ်​တ​ရား​ဖောက်​ဖျက်​ကျူး​လွန်​သူ​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရာ​ရောက်​၏။

19. အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည် ဘု​ရား​သ​ခင်​၌​အ​သက်​ရှင်​နိုင်​ရန် ပ​ညတ်​တ​ရား​အား​ဖြင့် ပ​ညတ်​တ​ရား​အ​ရာ​၌ သေ​ဆုံး​ခဲ့​ပြီ။ ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​ပြီ။

20. သို့​ဖြစ်​၍ ငါ​အ​သက်​ရှင်​သည်​မှာ ငါ​ကိုယ်​တိုင်​မ​ဟုတ်​တော့​ဘဲ ခ​ရစ်​တော်​သည် ငါ​၌​အ​သက်​ရှင်​တော်​မူ​၏။ ယ​ခု ကိုယ်​ကာ​ယ​၌ ငါ​အ​သက်​ရှင်​သည်​မှာ ငါ့​ကို​ချစ်​၍ ငါ့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​ခြင်း​ဖြစ်​၏။

21. ငါ​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို မ​ပစ်​ပယ်။ အ​ကြောင်း​မူ​ကား ဖြောင့်​မတ်​ခြင်း​ကို ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​ရှိ​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး​အ​သေ​ခံ​တော်​မူ​ပြီ။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 2