ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1:8-12 Myanmar Standard Bible (MSB)

8. သို့​သော် ငါ​တို့​က​ဖြစ်​စေ၊ ကောင်း​ကင်​မှ ကောင်း​ကင်​တ​မန်​က​ဖြစ်​စေ သင်​တို့​အား ငါ​တို့​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​နှင့် ကွဲ​လွဲ​ခြား​နား​သည့်​အ​ရာ​ကို ဟော​ပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ။

9. ယ​ခင်​က ငါ​တို့​ပြော​ခဲ့​သည့်​အ​တိုင်း ယ​ခု​ထပ်​မံ​၍ ငါ​ပြော​သည်​မှာ မည်​သူ​မ​ဆို သင်​တို့​လက်​ခံ​ခဲ့​ပြီး​ဖြစ်​သည့် ကောင်း​မြတ်​သော​သ​တင်း​နှင့် ကွဲ​လွဲ​ခြား​နား​သည့်​အ​ရာ​ကို ဟော​ပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ။

10. အ​ကြောင်း​မူ​ကား ယ​ခု ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​ရန် ကြိုး​စား​နေ​သ​လော။ သို့​မ​ဟုတ် ဘု​ရား​သ​ခင်​ထံ​မှ​မျက်​နှာ​ရ​ရန် ကြိုး​စား​နေ​သ​လော။ သို့​တည်း​မ​ဟုတ် လူ​တို့​ကို​နှစ်​သက်​စေ​ရန် ကြိုး​စား​နေ​သ​လော။ လူ​တို့​ကို​နှစ်​သက်​စေ​ရန် ငါ​ကြိုး​စား​နေ​သေး​လျှင် ငါ​သည် ခ​ရစ်​တော်​၏​အ​စေ​အ​ပါး​ဖြစ်​သည်​မ​ဟုတ်။

11. ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​သည် လူ​က​ဖန်​တီး​ထား​သော​အ​ရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။

12. အ​ကြောင်း​မူ​ကား ၎င်း​ကို လူ့​ထံ​မှ ငါ​ရ​ရှိ​ခဲ့​သည်​မ​ဟုတ်။ သင်​ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​တော်​၏​ဗျာ​ဒိတ်​တော်​အား​ဖြင့်​သာ ငါ​ရ​ရှိ​ခဲ့​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1