ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1:3-15 Myanmar Standard Bible (MSB)

3. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

4. ထို​သ​ခင်​သည် ငါ​တို့​အ​ဖ​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ဆိုး​ညစ်​သော​မျက်​မှောက်​ကာ​လ​မှ ငါ​တို့​ကို​ကယ်​နုတ်​ရန် ငါ​တို့​၏​အ​ပြစ်​အ​တွက် မိ​မိ​ကိုယ်​ကို​ပေး​အပ်​တော်​မူ​၏။

5. အ​ဖ​ဘု​ရား​သ​ခင်​၌ ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။

6. သင်​တို့​သည် ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​ကို​ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ထံ​မှ ခြား​နား​သည့်​ကောင်း​မြတ်​သော​သ​တင်း​ဘက်​သို့ ဤ​မျှ​လောက်​အ​လျင်​အ​မြန်​လှည့်​သွား​ကြ​သည်​ကို ငါ​အ​လွန်​အံ့​ဩ​မိ​၏။

7. ထို​သို့​ဆို​သော် အ​ခြား​ကောင်း​မြတ်​သော​သ​တင်း​ရှိ​သည်​မ​ဟုတ်။ လူ​အ​ချို့​တို့​သည် သင်​တို့​ကို မ​ငြိမ်​မ​သက်​ဖြစ်​စေ​၍ ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို မှောက်​လှန်​လို​ကြ​ခြင်း​သာ​ဖြစ်​၏။

8. သို့​သော် ငါ​တို့​က​ဖြစ်​စေ၊ ကောင်း​ကင်​မှ ကောင်း​ကင်​တ​မန်​က​ဖြစ်​စေ သင်​တို့​အား ငါ​တို့​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​နှင့် ကွဲ​လွဲ​ခြား​နား​သည့်​အ​ရာ​ကို ဟော​ပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ။

9. ယ​ခင်​က ငါ​တို့​ပြော​ခဲ့​သည့်​အ​တိုင်း ယ​ခု​ထပ်​မံ​၍ ငါ​ပြော​သည်​မှာ မည်​သူ​မ​ဆို သင်​တို့​လက်​ခံ​ခဲ့​ပြီး​ဖြစ်​သည့် ကောင်း​မြတ်​သော​သ​တင်း​နှင့် ကွဲ​လွဲ​ခြား​နား​သည့်​အ​ရာ​ကို ဟော​ပြော​လျှင် ထို​သူ​သည် ကျိန်​ခြင်း​ကို​ခံ​ပါ​စေ။

10. အ​ကြောင်း​မူ​ကား ယ​ခု ငါ​သည် လူ​တို့​ထံ​မှ​မျက်​နှာ​ရ​ရန် ကြိုး​စား​နေ​သ​လော။ သို့​မ​ဟုတ် ဘု​ရား​သ​ခင်​ထံ​မှ​မျက်​နှာ​ရ​ရန် ကြိုး​စား​နေ​သ​လော။ သို့​တည်း​မ​ဟုတ် လူ​တို့​ကို​နှစ်​သက်​စေ​ရန် ကြိုး​စား​နေ​သ​လော။ လူ​တို့​ကို​နှစ်​သက်​စေ​ရန် ငါ​ကြိုး​စား​နေ​သေး​လျှင် ငါ​သည် ခ​ရစ်​တော်​၏​အ​စေ​အ​ပါး​ဖြစ်​သည်​မ​ဟုတ်။

11. ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​သည် လူ​က​ဖန်​တီး​ထား​သော​အ​ရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။

12. အ​ကြောင်း​မူ​ကား ၎င်း​ကို လူ့​ထံ​မှ ငါ​ရ​ရှိ​ခဲ့​သည်​မ​ဟုတ်။ သင်​ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​တော်​၏​ဗျာ​ဒိတ်​တော်​အား​ဖြင့်​သာ ငါ​ရ​ရှိ​ခဲ့​၏။

13. ဂျူး​ဘာ​သာ​ဝင်​အ​ဖြစ် ငါ​အ​သက်​ရှင်​နေ​ထိုင်​ခဲ့​စဉ်​အ​ခါ​က ငါ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန်​ညှဉ်း​ဆဲ​၍ ထို​အ​သင်း​တော်​ကို ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည်​ကို​လည်း​ကောင်း၊

14. ငါ​သည် ဂျူး​ဘာ​သာ​တ​ရား​၌ ငါ့​လူ​မျိုး​ထဲ​ရှိ​သက်​တူ​ရွယ်​တူ​များ​ထက် သာ​လွန်​ပြီး ငါ့​ဘိုး​ဘေး​တို့​၏​ဓ​လေ့​ထုံး​တမ်း​များ​နှင့်​ပတ်​သက်​၍ အ​လွန်​စိတ်​အား​ထက်​သန်​ခဲ့​သည်​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ​ထား​၏။

15. သို့​သော် အ​မိ​ဝမ်း​ထဲ​၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီး​သန့်​ရွေး​ချယ်​ထား​၍ မိ​မိ​၏​ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​ကို​ခေါ်​ယူ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1