ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1:11-23 Myanmar Standard Bible (MSB)

11. ညီ​အစ်​ကို​တို့၊ ငါ​ဟော​ပြော​သည့်​ကောင်း​မြတ်​သော​သ​တင်း​သည် လူ​က​ဖန်​တီး​ထား​သော​အ​ရာ​မ​ဟုတ်​ကြောင်း သင်​တို့​အား ငါ​သိ​စေ​လို​ပါ​၏။

12. အ​ကြောင်း​မူ​ကား ၎င်း​ကို လူ့​ထံ​မှ ငါ​ရ​ရှိ​ခဲ့​သည်​မ​ဟုတ်။ သင်​ယူ​ခဲ့​သည်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​တော်​၏​ဗျာ​ဒိတ်​တော်​အား​ဖြင့်​သာ ငါ​ရ​ရှိ​ခဲ့​၏။

13. ဂျူး​ဘာ​သာ​ဝင်​အ​ဖြစ် ငါ​အ​သက်​ရှင်​နေ​ထိုင်​ခဲ့​စဉ်​အ​ခါ​က ငါ​သည် ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​ကို အ​တိုင်း​ထက်​အ​လွန်​ညှဉ်း​ဆဲ​၍ ထို​အ​သင်း​တော်​ကို ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သည်​ကို​လည်း​ကောင်း၊

14. ငါ​သည် ဂျူး​ဘာ​သာ​တ​ရား​၌ ငါ့​လူ​မျိုး​ထဲ​ရှိ​သက်​တူ​ရွယ်​တူ​များ​ထက် သာ​လွန်​ပြီး ငါ့​ဘိုး​ဘေး​တို့​၏​ဓ​လေ့​ထုံး​တမ်း​များ​နှင့်​ပတ်​သက်​၍ အ​လွန်​စိတ်​အား​ထက်​သန်​ခဲ့​သည်​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ​ထား​၏။

15. သို့​သော် အ​မိ​ဝမ်း​ထဲ​၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီး​သန့်​ရွေး​ချယ်​ထား​၍ မိ​မိ​၏​ကျေး​ဇူး​တော်​အား​ဖြင့် ငါ့​ကို​ခေါ်​ယူ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်

16. မိ​မိ​၏​သား​တော်​အ​ကြောင်း​ကို လူ​မျိုး​ခြား​တို့​တွင်​ဟော​ပြော​စေ​ရန်​အ​တွက် ထို​သား​တော်​ကို ငါ့​အား​ဖော်​ပြ​ရန် အ​လို​ရှိ​တော်​မူ​သော​အ​ခါ ငါ​သည် အ​သွေး​အ​သား​နှင့်​တိုင်​ပင်​ခြင်း​ကို​မ​ပြု။

17. ငါ့​ထက်​အ​လျင်​ဦး​စွာ တ​မန်​တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေ​ရု​ဆ​လင်​မြို့​သို့​လည်း မ​သွား​ဘဲ အာ​ရေ​ဗျ​ပြည်​သို့ ချက်​ချင်း​ထွက်​ခွာ​သွား​ပြီး​လျှင် ဒ​မတ်​စ​ကပ်​မြို့​သို့ တစ်​ဖန်​ပြန်​လာ​ခဲ့​၏။

18. ထို့​နောက် သုံး​နှစ်​လွန်​ပြီး​မှ ကေ​ဖ​နှင့်​အ​ကျွမ်း​ဝင်​စေ​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့​သွား​၍ သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​နေ​ခဲ့​၏။

19. သို့​သော် အ​ခြား​မည်​သည့်​တ​မန်​တော်​ကို​မျှ ငါ​မ​တွေ့​ခဲ့​ဘဲ သ​ခင်​ဘု​ရား​၏​ညီ​တော်​ယာ​ကုပ်​ကို​သာ​တွေ့​ခဲ့​၏။

20. သင်​တို့​ထံ​သို့ ငါ​ရေး​နေ​သော​အ​ကြောင်း​အ​ရာ​များ​တွင် မု​သား​မ​ပါ​ကြောင်း ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

21. ထို့​နောက် ဆီး​ရီး​ယား​ပြည်​နှင့် ဆီ​လီ​ဆီး​ယား​ပြည်​သို့ ငါ​သွား​ခဲ့​၏။

22. သို့​ရာ​တွင် ခ​ရစ်​တော်​၌​တည်​သော ယု​ဒ​ပြည်​ရှိ အ​သင်း​တော်​များ​သည် ငါ​နှင့်​လူ​ချင်း​မ​သိ​ကြ​သေး​ဘဲ

23. “ယ​ခင်​က ငါ​တို့​ကို​ညှဉ်း​ဆဲ​ခဲ့​သော​သူ​သည် တစ်​ချိန်​က သူ​ဖျက်​ဆီး​ရန်​ကြိုး​စား​ခဲ့​သော​ယုံ​ကြည်​ခြင်း​တ​ရား​ကို ယ​ခု ဟော​ပြော​လျက်​နေ​သည်”​ဟူ​၍​သာ ကြား​ရ​ကြ​၏။

ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ 1