ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 4:4-12 Myanmar Standard Bible (MSB)

4. ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​သင့်​သည့်​အ​တိုင်း ရှင်း​လင်း​ပြတ်​သား​စွာ ငါ​ဟော​ပြော​နိုင်​ရန်​လည်း ဆု​တောင်း​ပေး​ကြ​လော့။

5. အ​ပြင်​လူ​တို့​ရှေ့​တွင် ဉာဏ်​ပ​ညာ​ရှိ​စွာ​အ​သက်​ရှင်​လျှောက်​လှမ်း​၍ အ​ချိန်​အ​ခါ​ကို ကောင်း​စွာ​အ​သုံး​ချ​ကြ​လော့။

6. လူ​တစ်​ဦး​စီ​အား မည်​သို့​ပြန်​ဖြေ​ရ​မည်​ကို သင်​တို့​သိ​ရှိ​နိုင်​ရန် သင်​တို့​၏​စ​ကား​သည် ဆား​ဖြင့်​အ​ရ​သာ​ရှိ​လျက် အ​စဉ်​အ​မြဲ​တင့်​တယ်​ခြင်း​ရှိ​ပါ​စေ။

7. သ​ခင်​ဘု​ရား​၌ အ​စေ​အ​ပါး​ချင်း​ဖြစ်​ပြီး သစ္စာ​ရှိ​သော​အ​မှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တု​ခိတ်​သည် ငါ​နှင့်​ပတ်​သက်​သည့်​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​ကို သင်​တို့​အား ပြော​ပြ​လိမ့်​မည်။

8. တု​ခိတ်​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခြင်း​မှာ ငါ​တို့​အ​ကြောင်း​ကို သင်​တို့​သိ​ရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို နှစ်​သိမ့်​ပေး​နိုင်​ရန်​ဖြစ်​၏။

9. သင်​တို့​ထဲ​က​တစ်​ဦး​ဖြစ်​သူ၊ သစ္စာ​ရှိ​သည့် ချစ်​ရ​သော​ညီ​ဩ​နေ​သိမ်​သည်​လည်း သူ​နှင့်​အ​တူ​ပါ​၏။ သူ​တို့​သည် ဤ​အ​ရပ်​၌ ဖြစ်​ပျက်​နေ​သော​အ​ကြောင်း​အ​ရာ​အား​လုံး​ကို သင်​တို့​အား ပြော​ပြ​ကြ​လိမ့်​မည်။

10. ငါ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု​နှင့် ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​မာ​ကု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​၏။ မာ​ကု​သည် သင်​တို့​ထံ​သို့​လာ​လျှင် သူ့​ကို​လက်​ခံ​ကြ​ပါ​ဟူ​သည့် သူ​နှင့်​ပတ်​သက်​သော​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ထား​၏။

11. ယု​စ​တု​ဟု​ခေါ်​သော​ယေ​ရှု​လည်း သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​ထဲ​တွင် ဤ​သူ​တို့​သာ​လျှင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​သူ​များ​ဖြစ်​ကြ​ပြီး ငါ့​အား နှစ်​သိမ့်​မှု​ပေး​သော​သူ​များ​ဖြစ်​ကြ​၏။

12. ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​အ​ပါး​ဖြစ်​၍ သင်​တို့​အ​ထဲ​က​တစ်​ဦး​ဖြစ်​သော ဧ​ပ​ဖြ​သည် သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ သင်​တို့​သည် စုံ​လင်​ရင့်​ကျက်​သူ​အ​ဖြစ်​ရပ်​တည်​လျက် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ရှိ​သ​မျှ​ကို အ​ပြည့်​အ​ဝ​ဆောင်​ရွက်​နိုင်​မည့်​အ​ကြောင်း သူ​သည် သင်​တို့​အ​တွက် အ​စဉ်​အ​မြဲ​ကြိုး​စား​၍ ဆု​တောင်း​ပေး​လျက်​ရှိ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 4