ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 4:13-18 Myanmar Standard Bible (MSB)

13. အ​မှန်​စင်​စစ် သူ​သည် သင်​တို့​မှ​စ​၍ လော​ဒိ​ကိ​မြို့​နှင့်​ဟေ​ရ​ပေါ​လိ​မြို့​၌​ရှိ​သော​သူ​တို့​အ​တွက် အ​လွန်​ပင်​ပန်း​စွာ​ကြိုး​စား​လျက်​ရှိ​ကြောင်း ငါ​သက်​သေ​ခံ​၏။

14. ငါ​ချစ်​သော​ဆေး​ဆ​ရာ​လု​ကာ​နှင့် ဒေ​မ​သည် သင်​တို့​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။

15. လော​ဒိ​ကိ​မြို့​၌​ရှိ​သော​ညီ​အစ်​ကို​များ​ကို​လည်း​ကောင်း၊ နုံ​ဖ​နှင့် သူ​၏​အိမ်​၌​စု​ဝေး​သော​အ​သင်း​တော်​ကို​လည်း​ကောင်း နှုတ်​ဆက်​ပေး​ကြ​လော့။

16. ဤ​စာ​ကို သင်​တို့​ဖတ်​ပြီး​သော​အ​ခါ လော​ဒိ​ကိ​မြို့​၌​ရှိ​သော​အ​သင်း​တော်​ကို​လည်း ဖတ်​စေ​ကြ​လော့။ ထို့​အ​တူ လော​ဒိ​ကိ​အ​သင်း​တော်​မှ​ရ​လာ​သော​စာ​ကို​လည်း သင်​တို့​ဖတ်​ကြ​လော့။

17. အာ​ခိပ္ပု​အား “သ​ခင်​ဘု​ရား​၌​ရ​ရှိ​ထား​သော​အ​မှု​တော်​လုပ်​ငန်း​ကို အ​လေး​ဂ​ရု​ပြု​လျက် ပြီး​မြောက်​အောင်​ဆောင်​ရွက်​ပါ”​ဟု ပြော​ကြား​ကြ​လော့။

18. ဤ​နှုတ်​ဆက်​စ​ကား​ကို ငါ​ပေါ​လု​ကိုယ်​တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ငါ​ခံ​ရ​သော​အ​ချုပ်​အ​နှောင်​ကို သ​တိ​ရ​ကြ​လော့။ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 4