1. သခင်တို့၊ သင်တို့တွင်လည်း ကောင်းကင်၌သခင်တစ်ပါးရှိကြောင်း သိမှတ်လျက် မိမိတို့ကျွန်များအပေါ် မှန်ကန်မျှတစွာ ပြုမူကြလော့။
2. ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုကြလော့။ ထိုသို့ပြုရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် သတိဝီရိယရှိကြလော့။
3. ဘုရားသခင်သည် နှုတ်ကပတ်တရားအတွက် တံခါးကိုဖွင့်ပေးတော်မူသဖြင့် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာကို ငါတို့ဟောပြောနိုင်ရန် ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ ငါသည် ထိုနက်နဲသောအရာကြောင့် ချည်နှောင်ခြင်းခံရ၏။
4. ထိုနက်နဲသောအရာကို ဟောပြောသင့်သည့်အတိုင်း ရှင်းလင်းပြတ်သားစွာ ငါဟောပြောနိုင်ရန်လည်း ဆုတောင်းပေးကြလော့။
5. အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။
6. လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။
7. သခင်ဘုရား၌ အစေအပါးချင်းဖြစ်ပြီး သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီတုခိတ်သည် ငါနှင့်ပတ်သက်သည့်အကြောင်းအရာရှိသမျှတို့ကို သင်တို့အား ပြောပြလိမ့်မည်။