ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 4:1-10 Myanmar Standard Bible (MSB)

1. သ​ခင်​တို့၊ သင်​တို့​တွင်​လည်း ကောင်း​ကင်​၌​သ​ခင်​တစ်​ပါး​ရှိ​ကြောင်း သိ​မှတ်​လျက် မိ​မိ​တို့​ကျွန်​များ​အ​ပေါ် မှန်​ကန်​မျှ​တ​စွာ ပြု​မူ​ကြ​လော့။

2. ဆု​တောင်း​ခြင်း​အ​မှု​ကို အ​စဉ်​တ​စိုက်​ပြု​ကြ​လော့။ ထို​သို့​ပြု​ရာ​တွင် ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​အား​ဖြင့် သ​တိ​ဝီ​ရိ​ယ​ရှိ​ကြ​လော့။

3. ဘု​ရား​သ​ခင်​သည် နှုတ်​က​ပတ်​တ​ရား​အ​တွက် တံ​ခါး​ကို​ဖွင့်​ပေး​တော်​မူ​သ​ဖြင့် ခ​ရစ်​တော်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ငါ​တို့​ဟော​ပြော​နိုင်​ရန် ငါ​တို့​အ​တွက်​လည်း ဆု​တောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်​နဲ​သော​အ​ရာ​ကြောင့် ချည်​နှောင်​ခြင်း​ခံ​ရ​၏။

4. ထို​နက်​နဲ​သော​အ​ရာ​ကို ဟော​ပြော​သင့်​သည့်​အ​တိုင်း ရှင်း​လင်း​ပြတ်​သား​စွာ ငါ​ဟော​ပြော​နိုင်​ရန်​လည်း ဆု​တောင်း​ပေး​ကြ​လော့။

5. အ​ပြင်​လူ​တို့​ရှေ့​တွင် ဉာဏ်​ပ​ညာ​ရှိ​စွာ​အ​သက်​ရှင်​လျှောက်​လှမ်း​၍ အ​ချိန်​အ​ခါ​ကို ကောင်း​စွာ​အ​သုံး​ချ​ကြ​လော့။

6. လူ​တစ်​ဦး​စီ​အား မည်​သို့​ပြန်​ဖြေ​ရ​မည်​ကို သင်​တို့​သိ​ရှိ​နိုင်​ရန် သင်​တို့​၏​စ​ကား​သည် ဆား​ဖြင့်​အ​ရ​သာ​ရှိ​လျက် အ​စဉ်​အ​မြဲ​တင့်​တယ်​ခြင်း​ရှိ​ပါ​စေ။

7. သ​ခင်​ဘု​ရား​၌ အ​စေ​အ​ပါး​ချင်း​ဖြစ်​ပြီး သစ္စာ​ရှိ​သော​အ​မှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တု​ခိတ်​သည် ငါ​နှင့်​ပတ်​သက်​သည့်​အ​ကြောင်း​အ​ရာ​ရှိ​သ​မျှ​တို့​ကို သင်​တို့​အား ပြော​ပြ​လိမ့်​မည်။

8. တု​ခိတ်​ကို သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခြင်း​မှာ ငါ​တို့​အ​ကြောင်း​ကို သင်​တို့​သိ​ရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်​နှ​လုံး​ကို နှစ်​သိမ့်​ပေး​နိုင်​ရန်​ဖြစ်​၏။

9. သင်​တို့​ထဲ​က​တစ်​ဦး​ဖြစ်​သူ၊ သစ္စာ​ရှိ​သည့် ချစ်​ရ​သော​ညီ​ဩ​နေ​သိမ်​သည်​လည်း သူ​နှင့်​အ​တူ​ပါ​၏။ သူ​တို့​သည် ဤ​အ​ရပ်​၌ ဖြစ်​ပျက်​နေ​သော​အ​ကြောင်း​အ​ရာ​အား​လုံး​ကို သင်​တို့​အား ပြော​ပြ​ကြ​လိမ့်​မည်။

10. ငါ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​နေ​ရ​သူ​အာ​ရိတ္တာ​ခု​နှင့် ဗာ​န​ဗ​၏​ညီ​ဝမ်း​ကွဲ​မာ​ကု​တို့​သည် သင်​တို့​ကို နှုတ်​ဆက်​လိုက်​ပါ​၏။ မာ​ကု​သည် သင်​တို့​ထံ​သို့​လာ​လျှင် သူ့​ကို​လက်​ခံ​ကြ​ပါ​ဟူ​သည့် သူ​နှင့်​ပတ်​သက်​သော​ညွှန်​ကြား​ချက်​များ​ကို သင်​တို့​ရ​ရှိ​ထား​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 4