ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 3:17-25 Myanmar Standard Bible (MSB)

17. သင်​တို့​ပြု​သ​မျှ​သော​အ​ရာ​တို့​ကို​လည်း ပြော​ဆို​မှု​၌​ဖြစ်​စေ၊ လုပ်​ဆောင်​မှု​၌​ဖြစ်​စေ အ​ရာ​ခပ်​သိမ်း​တို့​ကို သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​၌​ပြု​လျက် ကိုယ်​တော်​အား​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​ကို ကျေး​ဇူး​တင်​ကြ​လော့။

18. ဇ​နီး​သည်​တို့၊ သ​ခင်​ဘု​ရား​၌​ရှိ​သော​သူ​နှင့်​သင့်​လျော်​သည်​နှင့်​အ​ညီ ခင်​ပွန်း​သည်​ကို နာ​ခံ​ကြ​လော့။

19. ခင်​ပွန်း​သည်​တို့၊ ဇ​နီး​သည်​ကို ချစ်​ကြ​လော့။ သူ​တို့​အား ခါး​ခါး​သီး​သီး​မ​ဆက်​ဆံ​ကြ​နှင့်။

20. သား​သ​မီး​တို့၊ အ​ရာ​ရာ​၌ မိ​ဘ​စ​ကား​ကို​နား​ထောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား ဤ​အ​ရာ​သည် သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​ရာ​ဖြစ်​၏။

21. ဖ​ခင်​တို့၊ သင်​တို့​၏​သား​သ​မီး​များ​အား စိတ်​ဓာတ်​မ​ကျ​စေ​ရန်​အ​တွက် သူ​တို့​ကို​စိတ်​နာ​ကြည်း​အောင်​မ​လုပ်​ကြ​နှင့်။

22. ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​၏​လော​ကီ​သ​ခင်​များ​ကို အ​ရာ​ရာ​၌ နာ​ခံ​ကြ​လော့။ မျက်​နှာ​လို​မျက်​နှာ​ရ​လုပ်​သူ​များ​ကဲ့​သို့ မျက်​မှောက်​၌​သာ လုပ်​ဆောင်​ခြင်း​မျိုး​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​လျက် ရိုး​သား​သော​စိတ်​နှ​လုံး​ဖြင့် နာ​ခံ​ကြ​လော့။

23. သင်​တို့​လုပ်​ဆောင်​သ​မျှ​သော​အ​ရာ​ကို လူ​တို့​အ​တွက်​လုပ်​ဆောင်​သ​ကဲ့​သို့​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​အ​တွက်​လုပ်​ဆောင်​သ​ကဲ့​သို့ စိတ်​နှ​လုံး​ပါ​လျက် လုပ်​ဆောင်​ကြ​လော့။

24. သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်​ကို အ​စေ​ခံ​ကြ​သည်​ဖြစ်​၍ သ​ခင်​ဘု​ရား​ထံ​မှ အ​မွေ​တော်​ကို ဆု​လာဘ်​အ​ဖြစ်​ရ​ရှိ​မည်​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့။

25. မ​တ​ရား​မှု​ပြု​သော​သူ​မူ​ကား မိ​မိ​ပြု​သော​မ​တ​ရား​မှု​၏​အ​ကျိုး​ကို ခံ​စား​ရ​လိမ့်​မည်။ ဤ​တွင် မျက်​နှာ​လိုက်​ခြင်း​မ​ရှိ။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 3