ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 3:1-4 Myanmar Standard Bible (MSB)

1. သို့​ဖြစ်​၍ သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ထ​မြောက်​ကြ​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ထိုင်​တော်​မူ​သော​ခ​ရစ်​တော်​ရှိ​ရာ အ​ထက်​အ​ရပ်​၌​ရှိ​သည့်​အ​ရာ​များ​ကို ရှာ​ဖွေ​ကြ​လော့။

2. မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​တို့​ကို မ​စွဲ​လမ်း​ဘဲ အ​ထက်​အ​ရပ်​၌​ရှိ​သော​အ​ရာ​တို့​ကို စွဲ​လမ်း​ကြ​လော့။

3. အ​ကြောင်း​မှာ သင်​တို့​သည် သေ​ဆုံး​ခဲ့​ပြီ​ဖြစ်​၍ သင်​တို့​၏​အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ ဘု​ရား​သ​ခင်​၌​ဝှက်​ထား​လျက်​ရှိ​၏။

4. သင်​တို့​၏​အ​သက်​ဖြစ်​သော​ခ​ရစ်​တော်​ထင်​ရှား​တော်​မူ​သော​အ​ခါ သင်​တို့​သည်​လည်း ကိုယ်​တော်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​၌​ထင်​ရှား​ကြ​ရ​လိမ့်​မည်။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 3