ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 2:1-9 Myanmar Standard Bible (MSB)

1. ငါ​သည် သင်​တို့​နှင့် လော​ဒိ​ကိ​မြို့​တွင်​ရှိ​သော​သူ​တို့​မှ​စ​၍ ငါ့​ကို လူ​ချင်း​မ​မြင်​ဖူး​သော​သူ​တို့​အ​တွက် မည်​မျှ​လောက်​ရုန်း​ကန်​ကြိုး​စား​နေ​သည်​ကို သင်​တို့​အား သိ​စေ​လို​ပါ​၏။

2. ဤ​သည်​ကား သူ​တို့​သည် စိတ်​နှ​လုံး​နှစ်​သိမ့်​မှု​ကို​ခံ​စား​ရ​၍ ချစ်​ခြင်း​မေတ္တာ​၌ ပေါင်း​စည်း​ခြင်း​ခံ​ရ​ကာ ဉာဏ်​စွမ်း​နှင့်​ဆိုင်​သော​စိတ်​ချ​မှု​နှင့်​ကြွယ်​ဝ​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တည်း​ဟူ​သော ခ​ရစ်​တော်​ကို​သိ​ကြ​မည့်​အ​ကြောင်း​တည်း။

3. ထို​ခ​ရစ်​တော်​ထဲ​၌ ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​တို့​၏​ရ​တ​နာ​ရှိ​သ​မျှ​တို့​သည် ဖုံး​ကွယ်​လျက်​ရှိ​ကြ​၏။

4. မည်​သူ​မျှ သင်​တို့​ကို ဖြား​ယောင်း​သော​စ​ကား​ဖြင့် မ​လှည့်​စား​စေ​ရန် ဤ​သို့ ငါ​ပြော​ဆို​၏။

5. အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ်​ခန္ဓာ​အား​ဖြင့် သင်​တို့​နှင့်​ကွဲ​ကွာ​နေ​သော်​လည်း စိတ်​ဝိ​ညာဉ်​အား​ဖြင့်​မူ​ကား သင်​တို့​နှင့်​အ​တူ​ရှိ​၍ သင်​တို့​၏​အ​စီ​အ​စဉ်​တ​ကျ​ရှိ​ခြင်း​နှင့် ခ​ရစ်​တော်​အ​ပေါ် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မာ​မှု​တို့​ကို​တွေ့​သ​ဖြင့် ဝမ်း​မြောက်​၏။

6. ထို့​ကြောင့် သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​ကို လက်​ခံ​ကြ​သည်​နှင့်​အ​ညီ ထို​သ​ခင်​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​လော့။

7. ကိုယ်​တော်​၌​အ​မြစ်​တွယ်​၍ တည်​ဆောက်​ခြင်း​ခံ​ရ​ကာ သင်​တို့​သင်​ယူ​ခဲ့​သည့်​အ​တိုင်း ယုံ​ကြည်​ခြင်း​၌​တည်​မြဲ​လျက် ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​ပြည့်​စုံ​ကြ​လော့။

8. ခ​ရစ်​တော်​၏​တ​ရား​၌​အ​ခြေ​မ​ပြု​ဘဲ လော​က​၏​အ​ခြေ​ခံ​တ​ရား​နှင့် လူ​တို့​၏​ဓ​လေ့​ထုံး​တမ်း​၌​အ​ခြေ​ပြု​သော အ​တွေး​အ​ခေါ်​ပ​ညာ​နှင့် အ​နှစ်​သာ​ရ​ကင်း​မဲ့​သော​လှည့်​ဖြား​မှု​တို့​ဖြင့် မည်​သူ​က​မျှ သင်​တို့​ကို​မ​လွှမ်း​မိုး​မ​သိမ်း​သွင်း​စေ​ရန် သ​တိ​ပြု​ကြ​လော့။

9. အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​ဇာ​တိ​အ​ဖြစ်​တော်​၏​ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်​၌​ခန္ဓာ​အ​သွင်​အား​ဖြင့် ကိန်း​ဝပ်​တော်​မူ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 2