ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1:26-29 Myanmar Standard Bible (MSB)

26. ထို​နှုတ်​က​ပတ်​တော်​သည် ရှေး​ကာ​လ​များ​မှ​စ​၍ ခေတ်​ကာ​လ​အ​စဉ်​အ​ဆက်​ဝှက်​ထား​ခြင်း​ခံ​ရ​သော်​လည်း ယ​ခု​အ​ခါ မိ​မိ​၏​သန့်​ရှင်း​သူ​တို့​အား ဖွင့်​ပြ​တော်​မူ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဖြစ်​၏။

27. ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​သည် လူ​မျိုး​ခြား​တို့​တွင် ဘုန်း​အ​သ​ရေ​နှင့်​မည်​မျှ​ကြွယ်​ဝ​သည်​ကို သန့်​ရှင်း​သူ​တို့​အား​သိ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​၏။ ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​မှာ ဘုန်း​အ​သ​ရေ​တော်​နှင့်​ဆိုင်​သော​မျှော်​လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ​၌​ရှိ​တော်​မူ​သော​ခ​ရစ်​တော်​ဖြစ်​၏။

28. ငါ​တို့​သည် လူ​တိုင်း​ကို ခ​ရစ်​တော်​၌​စုံ​လင်​ရင့်​ကျက်​သော​သူ​အ​ဖြစ် ဆက်​သ​နိုင်​ရန် လူ​တိုင်း​ကို သ​တိ​ပေး​ဆုံး​မ​ကာ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​တို့​ဖြင့် လူ​တိုင်း​ကို သွန်​သင်​လျက် ထို​သ​ခင်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။

29. ငါ​သည်​လည်း တန်​ခိုး​တော်​အား​ဖြင့် ငါ့​အ​ထဲ​၌​လုပ်​ဆောင်​နေ​သည့် ကိုယ်​တော်​၏​လုပ်​ဆောင်​မှု​အ​တိုင်း ထို​အ​မှု​အ​တွက် ကြိုး​စား​အား​ထုတ်​နေ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1