ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1:18-21 Myanmar Standard Bible (MSB)

18. ကိုယ်​တော်​သည် အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​၌ အ​ထွတ်​အ​ထိပ်​ဖြစ်​မည့်​အ​ကြောင်း အ​စ​အ​ဦး​ဖြစ်​တော်​မူ​ပြီး သေ​သော​သူ​တို့​ထဲ​မှ အ​ဦး​ဆုံး​ဖွား​မြင်​လာ​သူ​ဖြစ်​တော်​မူ​၏။

19. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်​၌ ကိန်း​ဝပ်​စေ​ရန်​လည်း​ကောင်း၊

20. လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​သွန်း​သော သား​တော်​၏​သွေး​တော်​အား​ဖြင့် ရန်​ငြိမ်း​စေ​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​ရန်​လည်း​ကောင်း အ​လို​ရှိ​တော်​မူ​၏။

21. ယ​ခင်​က သင်​တို့​သည် ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​ကင်း​ကွာ​လျက် စိတ်​နှ​လုံး​၌​ရန်​သူ​ဖြစ်​ကြ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1