ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1:13-28 Myanmar Standard Bible (MSB)

13. ခ​မည်း​တော်​သည် ငါ​တို့​ကို မှောင်​မိုက်​ခြင်း​၏​အာ​ဏာ​စက်​မှ ကယ်​နုတ်​၍ မိ​မိ​ချစ်​တော်​မူ​သော သား​တော်​၏​နိုင်​ငံ​တော်​ထဲ​သို့ ရွှေ့​ပြောင်း​ပို့​ဆောင်​တော်​မူ​၏။

14. ငါ​တို့​သည် ထို​သား​တော်​အား​ဖြင့် ရွေး​နုတ်​ခြင်း​တည်း​ဟူ​သော အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ရ​ရှိ​ကြ​၏။

15. သား​တော်​သည် မ​မြင်​ရ​သော​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​အား​လုံး​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​၏။

16. အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း ရှိ​သ​မျှ​သော​မြင်​ရ​သည့်​အ​ရာ​နှင့်​မ​မြင်​ရ​သည့်​အ​ရာ​များ၊ ရာ​ဇ​ပလ္လင်​များ​ဖြစ်​စေ၊ စိုး​ပိုင်​ခွင့်​များ​ဖြစ်​စေ၊ အုပ်​ချုပ်​မှု​များ​ဖြစ်​စေ၊ အာ​ဏာ​စက်​များ​ဖြစ်​စေ သား​တော်​အား​ဖြင့် ဖန်​ဆင်း​ခြင်း​ခံ​ရ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သား​တော်​အား​ဖြင့်​လည်း​ကောင်း၊ သား​တော်​အ​တွက်​လည်း​ကောင်း ဖန်​ဆင်း​ခြင်း​ခံ​ရ​၏။

17. သား​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ထက် အ​လျင်​ဦး​စွာ​ရှိ​နှင့်​တော်​မူ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​၌​စု​ပေါင်း​တည်​ရှိ​ကြ​၏။

18. ကိုယ်​တော်​သည် အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​၌ အ​ထွတ်​အ​ထိပ်​ဖြစ်​မည့်​အ​ကြောင်း အ​စ​အ​ဦး​ဖြစ်​တော်​မူ​ပြီး သေ​သော​သူ​တို့​ထဲ​မှ အ​ဦး​ဆုံး​ဖွား​မြင်​လာ​သူ​ဖြစ်​တော်​မူ​၏။

19. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်​၌ ကိန်း​ဝပ်​စေ​ရန်​လည်း​ကောင်း၊

20. လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​သွန်း​သော သား​တော်​၏​သွေး​တော်​အား​ဖြင့် ရန်​ငြိမ်း​စေ​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​ရန်​လည်း​ကောင်း အ​လို​ရှိ​တော်​မူ​၏။

21. ယ​ခင်​က သင်​တို့​သည် ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​ကင်း​ကွာ​လျက် စိတ်​နှ​လုံး​၌​ရန်​သူ​ဖြစ်​ကြ​၏။

22. ယ​ခု​မူ​ကား သွေး​သား​နှင့်​ဆိုင်​သော​ကိုယ်​ခန္ဓာ​၌ သား​တော်​ကို​အ​သေ​ခံ​စေ​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​တော်​မူ​၏။ ဤ​သည်​ကား သန့်​ရှင်း​လျက်​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​၍ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သင်​တို့​ကို မိ​မိ​၏​ရှေ့​တော်​သို့ ဆက်​သ​နိုင်​ရန်​ဖြစ်​၏။

23. သို့​သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်း​မြတ်​သော​သ​တင်း​၏​မျှော်​လင့်​ခြင်း​မှ သွေ​ဖည်​မ​သွား​ဘဲ ခိုင်​မြဲ​စွာ​အုတ်​မြစ်​ချ​ထား​သည့် ယုံ​ကြည်​ခြင်း​၌ ဆက်​၍​တည်​နေ​ရ​မည်။ ထို​ကောင်း​မြတ်​သော​သ​တင်း​ကို ကောင်း​ကင်​အောက်​ရှိ ဖန်​ဆင်း​ခံ​လော​က​တစ်​ခု​လုံး​အား ဟော​ပြော​နေ​သည်​ဖြစ်​၍ ငါ​ပေါ​လု​သည် ၎င်း​၏​အ​မှု​တော်​ဆောင်​ဖြစ်​လာ​၏။

24. ငါ​သည် သင်​တို့​အ​တွက်​ခံ​ရ​သော​ဒုက္ခ​ဝေ​ဒ​နာ​၌ ယ​ခု​ဝမ်း​မြောက်​၍ ခ​ရစ်​တော်​၏​ဆင်း​ရဲ​ဒုက္ခ​တွင် လို​အပ်​သေး​သည့်​အ​ပိုင်း​ကို ကိုယ်​တော်​၏​ကိုယ်​ခန္ဓာ​တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက် ငါ​၏​ကိုယ်​ကာ​ယ​၌ ဖြည့်​ဆည်း​လျက်​ရှိ​၏။

25. ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို အ​ပြည့်​အ​ဝ​ဟော​ပြော​စေ​ရန် သင်​တို့​အ​တွက် ငါ့​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​၏​စီ​မံ​ခန့်​ခွဲ​မှု​နှင့်​အ​ညီ ငါ​သည် ထို​အ​သင်း​တော်​၏​အ​မှု​တော်​ဆောင်​ဖြစ်​လာ​၏။

26. ထို​နှုတ်​က​ပတ်​တော်​သည် ရှေး​ကာ​လ​များ​မှ​စ​၍ ခေတ်​ကာ​လ​အ​စဉ်​အ​ဆက်​ဝှက်​ထား​ခြင်း​ခံ​ရ​သော်​လည်း ယ​ခု​အ​ခါ မိ​မိ​၏​သန့်​ရှင်း​သူ​တို့​အား ဖွင့်​ပြ​တော်​မူ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဖြစ်​၏။

27. ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​သည် လူ​မျိုး​ခြား​တို့​တွင် ဘုန်း​အ​သ​ရေ​နှင့်​မည်​မျှ​ကြွယ်​ဝ​သည်​ကို သန့်​ရှင်း​သူ​တို့​အား​သိ​စေ​ရန် ဘု​ရား​သ​ခင်​အ​လို​ရှိ​တော်​မူ​၏။ ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​မှာ ဘုန်း​အ​သ​ရေ​တော်​နှင့်​ဆိုင်​သော​မျှော်​လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ​၌​ရှိ​တော်​မူ​သော​ခ​ရစ်​တော်​ဖြစ်​၏။

28. ငါ​တို့​သည် လူ​တိုင်း​ကို ခ​ရစ်​တော်​၌​စုံ​လင်​ရင့်​ကျက်​သော​သူ​အ​ဖြစ် ဆက်​သ​နိုင်​ရန် လူ​တိုင်း​ကို သ​တိ​ပေး​ဆုံး​မ​ကာ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​တို့​ဖြင့် လူ​တိုင်း​ကို သွန်​သင်​လျက် ထို​သ​ခင်​အ​ကြောင်း​ကို ဟော​ပြော​ကြ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1