ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1:13-23 Myanmar Standard Bible (MSB)

13. ခ​မည်း​တော်​သည် ငါ​တို့​ကို မှောင်​မိုက်​ခြင်း​၏​အာ​ဏာ​စက်​မှ ကယ်​နုတ်​၍ မိ​မိ​ချစ်​တော်​မူ​သော သား​တော်​၏​နိုင်​ငံ​တော်​ထဲ​သို့ ရွှေ့​ပြောင်း​ပို့​ဆောင်​တော်​မူ​၏။

14. ငါ​တို့​သည် ထို​သား​တော်​အား​ဖြင့် ရွေး​နုတ်​ခြင်း​တည်း​ဟူ​သော အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ရ​ရှိ​ကြ​၏။

15. သား​တော်​သည် မ​မြင်​ရ​သော​ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​အား​လုံး​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​၏။

16. အ​ကြောင်း​မူ​ကား ကောင်း​ကင်​ဘုံ​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း ရှိ​သ​မျှ​သော​မြင်​ရ​သည့်​အ​ရာ​နှင့်​မ​မြင်​ရ​သည့်​အ​ရာ​များ၊ ရာ​ဇ​ပလ္လင်​များ​ဖြစ်​စေ၊ စိုး​ပိုင်​ခွင့်​များ​ဖြစ်​စေ၊ အုပ်​ချုပ်​မှု​များ​ဖြစ်​စေ၊ အာ​ဏာ​စက်​များ​ဖြစ်​စေ သား​တော်​အား​ဖြင့် ဖန်​ဆင်း​ခြင်း​ခံ​ရ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သား​တော်​အား​ဖြင့်​လည်း​ကောင်း၊ သား​တော်​အ​တွက်​လည်း​ကောင်း ဖန်​ဆင်း​ခြင်း​ခံ​ရ​၏။

17. သား​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ထက် အ​လျင်​ဦး​စွာ​ရှိ​နှင့်​တော်​မူ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​၌​စု​ပေါင်း​တည်​ရှိ​ကြ​၏။

18. ကိုယ်​တော်​သည် အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​ခန္ဓာ​တော်​၏​ဦး​ခေါင်း​ဖြစ်​တော်​မူ​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​၌ အ​ထွတ်​အ​ထိပ်​ဖြစ်​မည့်​အ​ကြောင်း အ​စ​အ​ဦး​ဖြစ်​တော်​မူ​ပြီး သေ​သော​သူ​တို့​ထဲ​မှ အ​ဦး​ဆုံး​ဖွား​မြင်​လာ​သူ​ဖြစ်​တော်​မူ​၏။

19. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​ပြည့်​စုံ​ခြင်း​ကို သား​တော်​၌ ကိန်း​ဝပ်​စေ​ရန်​လည်း​ကောင်း၊

20. လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​သွန်း​သော သား​တော်​၏​သွေး​တော်​အား​ဖြင့် ရန်​ငြိမ်း​စေ​၍ ကောင်း​ကင်​ဘုံ​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ၊ မြေ​ကြီး​ပေါ်​၌​ရှိ​သော​အ​ရာ​များ​ဖြစ်​စေ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​ရန်​လည်း​ကောင်း အ​လို​ရှိ​တော်​မူ​၏။

21. ယ​ခင်​က သင်​တို့​သည် ဆိုး​ညစ်​သော​အ​မှု​များ​ကို​ပြု​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​ကင်း​ကွာ​လျက် စိတ်​နှ​လုံး​၌​ရန်​သူ​ဖြစ်​ကြ​၏။

22. ယ​ခု​မူ​ကား သွေး​သား​နှင့်​ဆိုင်​သော​ကိုယ်​ခန္ဓာ​၌ သား​တော်​ကို​အ​သေ​ခံ​စေ​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် သင်​တို့​ကို မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​တော်​မူ​၏။ ဤ​သည်​ကား သန့်​ရှင်း​လျက်​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​၍ အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သင်​တို့​ကို မိ​မိ​၏​ရှေ့​တော်​သို့ ဆက်​သ​နိုင်​ရန်​ဖြစ်​၏။

23. သို့​သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်း​မြတ်​သော​သ​တင်း​၏​မျှော်​လင့်​ခြင်း​မှ သွေ​ဖည်​မ​သွား​ဘဲ ခိုင်​မြဲ​စွာ​အုတ်​မြစ်​ချ​ထား​သည့် ယုံ​ကြည်​ခြင်း​၌ ဆက်​၍​တည်​နေ​ရ​မည်။ ထို​ကောင်း​မြတ်​သော​သ​တင်း​ကို ကောင်း​ကင်​အောက်​ရှိ ဖန်​ဆင်း​ခံ​လော​က​တစ်​ခု​လုံး​အား ဟော​ပြော​နေ​သည်​ဖြစ်​၍ ငါ​ပေါ​လု​သည် ၎င်း​၏​အ​မှု​တော်​ဆောင်​ဖြစ်​လာ​၏။

ကော​လော​သဲ​ဩ​ဝါ​ဒ​စာ 1