ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 9:2-16 Myanmar Standard Bible (MSB)

2. အ​ခြား​သော​သူ​တို့​အ​တွက် ငါ​သည် တ​မန်​တော်​မ​ဖြစ်​ခဲ့​လျှင်​ပင် သင်​တို့​အ​တွက်​မူ​ကား ငါ​သည် တ​မန်​တော်​ဖြစ်​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် သ​ခင်​ဘု​ရား​၌ ငါ​၏​တ​မန်​တော်​ဖြစ်​ခြင်း​၏​တံ​ဆိပ်​ဖြစ်​ကြ​၏။

3. ငါ့​ကို​စစ်​ဆေး​စီ​ရင်​သော​သူ​တို့​အား ဤ​သို့ ငါ​ဖြေ​ရှင်း​ပြော​ဆို​၏။

4. ငါ​တို့​တွင် စား​သောက်​ရ​သော​အ​ခွင့်​မ​ရှိ​သ​လော။

5. ငါ​တို့​သည် ကေ​ဖ​နှင့် သ​ခင်​ဘု​ရား​၏​ညီ​တော်​များ​မှ​စ​၍ အ​ခြား​သော​တ​မန်​တော်​များ​ကဲ့​သို့ ယုံ​ကြည်​သူ​ဖြစ်​သော​ဇ​နီး​သည်​ကို ခ​ရီး​သွား​ရာ​၌ ခေါ်​ဆောင်​ခွင့်​မ​ရှိ​ကြ​သ​လော။

6. သို့​မ​ဟုတ် ငါ​နှင့်​ဗာ​န​ဗ​၌​သာ အ​လုပ်​မ​လုပ်​ဘဲ​နေ​ရ​သော​အ​ခွင့်​မ​ရှိ​သ​လော။

7. မည်​သူ​သည် မိ​မိ​စ​ရိတ်​ဖြင့် စစ်​မှု​ထမ်း​ဖူး​သ​နည်း။ မည်​သူ​သည် စ​ပျစ်​ခြံ​ကို​စိုက်​ပျိုး​ပြီး ၎င်း​၏​အ​သီး​ကို မ​စား​ဘဲ​နေ​သ​နည်း။ သို့​မ​ဟုတ် မည်​သူ​သည် သိုး​အုပ်​ကို​ထိန်း​ကျောင်း​ပြီး သိုး​တို့​၏​နို့​ကို မ​သောက်​ဘဲ​နေ​သ​နည်း။

8. ငါ​သည် ဤ​အ​ရာ​များ​ကို လူ့​သ​ဘော​အား​ဖြင့် ပြော​ဆို​နေ​သ​လော။ ပ​ညတ်​တ​ရား​သည်​လည်း ထို​သို့​ဆို​ထား​သည်​မ​ဟုတ်​လော။

9. အ​ကြောင်း​မူ​ကား မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း​၌ “စ​ပါး​နယ်​နေ​သည့်​နွား​ကို ပါး​ချုပ်​မ​တပ်​ရ”​ဟု ရေး​ထား​၏။ ဘု​ရား​သ​ခင်​သည် နွား​တို့​ကို ဂ​ရု​စိုက်​တော်​မူ​သ​လော။

10. သို့​မ​ဟုတ် ငါ​တို့​အ​တွက်​သာ​မိန့်​တော်​မူ​သ​လော။ အ​မှန်​ပင် ငါ​တို့​အ​တွက်​ရေး​ထား​ခြင်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် လယ်​ထွန်​သော​သူ​သည် မျှော်​လင့်​လျက်​ထွန်​ယက်​သင့်​သည်​ဖြစ်​၍ စ​ပါး​နယ်​သော​သူ​သည်​လည်း မျှ​ဝေ​ခံ​စား​ခွင့်​ကို​မျှော်​လင့်​လျက် စ​ပါး​နယ်​သင့်​၏။

11. ငါ​တို့​သည် ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​၌​စိုက်​ပျိုး​ခဲ့​သည်​ဆို​လျှင် သင်​တို့​ထံ​မှ ရုပ်​ဝတ္ထု​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို ရိတ်​သိမ်း​ကြ​ခြင်း​သည် လွန်​ရာ​ကျ​သ​လော။

12. အ​ခြား​သော​သူ​တို့​သည် သင်​တို့​ထံ​မှ ဤ​အ​ခွင့်​ကို ခံ​စား​ရ​ကြ​လျှင် ငါ​တို့​သည် သာ​၍​ခံ​စား​ထိုက်​သည်​မ​ဟုတ်​လော။ သို့​သော် ငါ​တို့​သည် ဤ​အ​ခွင့်​ကို​မ​သုံး​ဘဲ ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် မည်​သည့်​အ​ဟန့်​အ​တား​မျှ​မ​ရှိ​စေ​ရန် အ​ရာ​ရာ​၌ သည်း​ခံ​ကြ​၏။

13. ဗိ​မာန်​တော်​အ​မှု​ကိစ္စ​များ​ကို ဆောင်​ရွက်​သော​သူ​တို့​သည် ဗိ​မာန်​တော်​မှ​ရ​ရှိ​သော​အ​ရာ​များ​ကို စား​သောက်​ကြ​၍ ယဇ်​ပလ္လင်​၌​အ​မှု​ထမ်း​သော​သူ​တို့​သည် ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော​ပူ​ဇော်​သက္ကာ​များ​ကို မျှ​ဝေ​ခံ​စား​ခွင့်​ရှိ​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။

14. ထို​နည်း​တူ ကောင်း​မြတ်​သော​သ​တင်း​ကို ဟော​ပြော​သော​သူ​တို့​သည်​လည်း ကောင်း​မြတ်​သော​သ​တင်း​အား​ဖြင့် အ​သက်​မွေး​ကြ​ရန် သ​ခင်​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​၏။

15. သို့​သော် ငါ​သည် ဤ​အ​ခွင့်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​သုံး​ခဲ့​ချေ။ ငါ့​အား ထို​သို့​ပြု​စေ​လို​၍ ဤ​အ​ရာ​များ​ကို ငါ​ရေး​သည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ငါ​၏​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ကို သူ​တစ်​ပါး​က အ​ချည်း​နှီး​ဖြစ်​စေ​သည်​ထက် ငါ​သေ​သော် သာ​၍​ကောင်း​၏။

16. ငါ​သည် ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​လျှင်​လည်း ငါ့​အ​တွက် ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​၌​မ​ဖြစ်​မ​နေ​ဟော​ပြော​ရ​မည့်​တာ​ဝန်​ရှိ​၏။ ကောင်း​မြတ်​သော​သ​တင်း​ကို ငါ​မ​ဟော​ပြော​ဘဲ​နေ​လျှင် ငါ့​အ​တွက် အမင်္ဂ​လာ​ဖြစ်​၏။

ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 9